BEC-TERO TV

လက်ဝှေ့မယ်ရဲ့ ယောက်ျားနဲ့မှ ဖောက်ပြန်မိသောအခါ (ရုပ်သံ)

24 Sep 2018     1,386 Views


အမျိုးသမီးတွေအနေနဲ့ ချစ်ရေးချစ်ရာကိစ္စတွေမှာ မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ အိမ်ထောင်ရှိတဲ့ ယောက်ျားတစ်ယောက်နဲ့ သွားပြီး ပက်သက်မိတာဟာ ကံဆိုးတာပါပဲ..။
ဒီထက်ပိုပြီး အဆပေါင်းများစွာ ကံဆိုးတာကတော့ ကိုယ်ပက်သက်မိတဲ့သူရဲ့ မိန်းမက ကိုယ်ခံပညာလက်ဝှေ့မယ် တစ်ယောက်ဖြစ်နေတာပါပဲ..။

ဖော်ပြပါ ဗီဒီယိုမှာတော့ သူ့ယောက်ျားနဲ့ ပက်သက်မိတဲ့ အမျိုးသမီးတစ်ဦးကို ကစ်ဘောက်ဆာမယ်က ကောင်းကောင်းကြီး ပညာနေတာပဲဖြစ်ပါတယ်။
အမျိုးသမီးခမျာ လေ့ကျင့်ရေးကွင်းထဲက သဲအိတ်တစ်လုံးကို ဘယ်ကကန်လိုက် ညာကကန်လိုက် လက်သီးနဲ့ ထိုးလိုက်နဲ့ ဘာမှပြန်မလုပ်နိုင်ပဲ ညိမ်ခံနေရပါတယ်။ ယောက်ျားဖြစ်သူကလည်း ဝင်ရောက် တာမြစ်ခြင်းမရှိသလို အခြားအမျိုးသမီးတွေကလည်း ဝင်မပါတာကို တွေ့ရပါတယ်။ ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အိမ်တစ်အိမ်မှာ ပါတီပွဲပြုလုပ်စဉ် မယားကြီးက လာရောက်သောင်းကျန်း ပညာပေးသွားတာဖြစ်ပါတယ်။

လတ်တလော ရန်ကုန်မှာလည်း အိမ်ထောင်ရှိတဲ့ အမျိုးသားနဲ့ ပက်သက်မိလို့ လူသတ်မှုဖြစ်ကာ ထောင်ကျရတော့မယ့် အမျိုးသမီးတစ်ဦးရဲ့ သတင်းကို လူတိုင်းသိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ အိမ်ထောင်ရှိတဲ့သူတွေနဲ့ ဝေးဝေးမှာ ခပ်ကင်းကင်း နေကြပါလို့..။

 


24 Sep 2018     1,386 Views




RELATED

Most Popular of Special or Others

Most Popular of NEWS