BEC-TERO TV

ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲကြိုခန်းမှန်းချက်

05 Oct 2018     1,631 Views


ဒီတစ်ပါတ် ပေါလ်မာဆွန် ရဲ့သုံးသပ်ချက် လေးတွေကို လေ့လာကြည့်ကြရအောင်......

.၁ ။ လီဗာပူးလ် – မန်ချက်စတာစီးတီး

ဒီရာသီ အတည်ငြိမ်ဆုံး ဖြစ်နေတဲ့ မန်စီးတီးကို နည်းနည်း အသာပေးချင်ပါတယ်။လီဗာပူးလ် ဟာ ချလ်ဆီး နှင့် ပွဲစဉ်တုန်းက အားအကုန်စိုက်ထားရပြီး နာပိုလီ နှင့် ချန်ပီယံလိဂ် ပွဲစဉ်ကစားထားရတာကြောင့် ပွဲပန်းမှုဒဏ်ကိုခံစားနေရနိုင်ပါတယ်။ အရံအင်အား တောင့်တင်းမှုရှိတဲ့ မန်စီးတီး ကသာ အနိုင်ရသွားဖို့ရှိနေပါတယ်။

ပေါလ်မာဆွန် ရဲ့ ခန့်မှန်းချက် ကတော့ လီဗာပူး ၁ – ၂ မန် ချက်စတာစီးတီး ဖြစ်ပါတယ် ခင်ဗျ။

၂ ။ ဆောက်သမ်တန် - ချလ်ဆီး

ဒီရာသီရှုံးပွဲမရှိ ဖြတ်သန်းနေတဲ့ ချလ်ဆီးအသင်းကို ဆောက်သမ်တန်အသင်း က ရပ်တန့်ဖို့ဘယ်လို့မှမဖြစ်နိုင်ပါဘူး။ဆောက်သမ်တန် အသင်းက ကာရာဘောင်း ပွဲစဉ် အဖြစ် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားထားရပြီး ချလ်ဆီအသင်းက ယူရိုပါလိဂ် ပွဲစဉ်ကစားထားပေမဲ့ အရံစာရင်းသာ အသုံးပြုသွားနိုင်ပြီး လူစုံတက်စုံ ပြန်ပါလာနိုင်တဲ့ ချလ်ဆီး အသင်းကပဲ အနိုင်ရသွားမှာပါ။

ပေါလ်မာဆွန် ရဲ့ ခန့်မှန်းချက် ကတော့ ဆောက်သမ်တန် ၁ -  ၃ ချလ်ဆီး ဖြစ်ပါတယ် ခင်ဗျ။

၃ မန်ချက်စတာယူနိုက်တတ် - နယူးကာဆယ်

ဒီရာသီ ပုံစံကောင်းပျောက်ဆုံးနေတဲ့ မန်ချက်စတာယူနိုက်တတ်အသင်း အိမ်ကွင်းမှာ ရလဒ်ကောင်းရယူနိုင်မှာပါ။ နယူကာဆယ်အသင်းကို လတ်စတာ နဲ့ ပွဲမှာကျွန်တော် ကြည့်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ပုံစံကောင်းမရှိသေးပါဘူး ။ အဝေးကွင်းယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အနိုင်ရရှိဖို့ မလွယ်ပါဘူး။

ပေါလ်မာဆွန် ရဲ့ ခန့်မှန်းချက် ကတော့ မန်ချက်စတာယူနိုက်တတ် ၂ -  ၀ နယူးကာဆယ် ဖြစ်ပါတယ်။

ပေါလ်မာဆွန် ရဲ့ အခြားအသင်း ခန့်မှန်းချက် တွေကတော့ .......

၎။ ဘရိုက်တန် ၂ - ၂ ဝက်ဟမ်း

၅။ ဘန်လေ ၂ -  ၀ ဟက်ဒါဖီလ်း

၆။ ပဲလေ့စ် ၁ - ၂ ဝုလ်

၇။ လတ်စတာ ၂ -  ၁ အဲဗာတန်

၈။ တော့တင်ဟမ် ၂ - ၀ ကာဒစ်

၉။ ဝက်ဖိုစ့် ၂  - ၁ ဘုန်းမောက်

၁၀။ ဖူဟမ် ၂ - ၃ အာဆင်နယ်

ပရိတ်သတ်ကြီးရဲ အမြင်နှင့် တိုက်ဆိုင်မှုရှိရဲလား...?

 

 

 

 

 

 


05 Oct 2018     1,631 Views




RELATED

Most Popular of Football

Most Popular of Sport