BEC-TERO TV

ယူနိုက်တတ် အသင်း ဒီရာသီ ဘာကြောင့် ရုံးကန်နေရလဲ ဆိုတာ မော်ရင်ဟို ပြောပြီ

05 Oct 2018     1,316 Views


သောကြာ နေ့မနက် နေယူကာဆယ်နှင့် မကစားမှီ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦး ၏  မေးမြန်းချက်ကို နည်းပြမော်ရင်ဟိုက ‘ ယူနိက်တတ် အသင်းဟာ ခုချိန်မှာ ရုံးကန်နေရတယ်ဆိုတာ ဟုတ်ပါတယ်၊ ၁၉၉၀ ခုနှစ်နောက်ပိုင်း  ယူနိက်တတ် အသင်းဟာ  ၅ ပွဲဆက် ရှုံးနိမ်ထားခြင်းမရှိပါဘူး ၊ ဒါဟာ ယူနိုက်တတ်အသင်း အတွက် လက်ခံနိုင်စရာ မရှိပါဘူး ၊ကျွှန်တော်လက်ခံပါတယ် ၊ နယူးကာဆယ် နဲ ပွဲမှာ ကျွှန်တော်တို့ ရမှတ် ၃ မှတ် ရဖို့ ကြိုးစားသွားကြမှာပါ လို့ ‘ ပြောပါတယ်။

ဆက်လတ်ပြီးတော့ သူက “အောက်တိုဘာလ အစမှာ ကျွန်တော်တို့ ယူရိုပါလိဂ် ရယ် ပရီးမီးယားလိဂ်မှာ ရော ကစားနေကြရတာပါ ၊ ခုမှ ရာသီ အစမို့ ရာသီအဆုံးမှာ ဘာဖြစ်လာမလဲ ဆိုတာပဲ ပြောကြတာပေါ့ လို့ ”သူကပြောပါတယ်။

နောက်ထပ် “ရာဖေးလ် ဘင်နီတတ် တစ်ကယ်တော်တဲ့နည်းပြ ဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ၊ ဒါကို ဖီလင် ဖြစ်မနေပဲ အနိုင်သုံးမှတ် ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ။

ယူနိုက်တတ်အသင်း ဟာ ရာသီအစမှာ ခြေစွမ်းကောင်းပြသနိုင်ပေမဲ့ လက်ရှိမှာ အဆင့် ၁၀ မှာရပ်တည်နေပြီး နယူးကာဆယ် အသင်းကတော့ ပြိုင်ပွဲနောက်ဆုံး နှစ်ပွဲဆက် သရေ ကျထားပါတယ်။

 


05 Oct 2018     1,316 Views




RELATED

Most Popular of Football

Most Popular of Sport