BEC-TERO TV

ပက် ဂွာဒီယိုလာကို ချီူကျူးသွားခဲ့တဲ့ လီဗာပူးလ်နည်းပြ ကလော့

08 Oct 2018     1,415 Views


မနေ့က အန်ဖီလ်း မှာ ယှဉ်ပြိုင်ကစား ကြတဲ့  လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်းတို့ဟာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး အမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် မန်စီးတီးအသင်းက အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရပ်တည် သွားနိုင်ခဲ့ပါတယ်။ အန်ဖီလ်း မှာ ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်းတို့ဟာ ပွဲအစ မှာကတည်းက ဂိုးရဖို့ထက် ဂိုးမပေးရဖို့ အမှားကိုယ်စီ အမှားမခံဘဲ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ သို့သော်  ၈၅ မိနစ်အရောက်မှာ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်က ဆာနေးကို ဖြတ်ထုတ်တာ ကြမ်းတမ်းမှုကြောင့် ပင်နယ်တီ  ပေးခဲ့ရပေမဲ့ တောင်ပံကစားသမား မာရက် လွဲချော်ခဲ့မှုကြောင့် မန်စီးတီး အသင်း အတွက် ၃ မှတ်ရဖို့ အခွင့်အရေး နစ်နာခဲ့ရပါတယ်။ မိနစ် ၉၀ ပွဲပြီးချိန်ရာက်မှာတော့ ဘယ်သူကို ဘယ်သူမှ ဂိုးသွင်းယူနိုင်ခဲ့ခြင့်း မရှိဘဲ ၀ - ၀ ဖြင့် သာပြီးဆုံးသွားခဲ့ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ က “ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ဟာ ကမ္ဘာအကောင်းဆုံး နည်းပြတစ်ဦး ပါလို့ ချီးကျူးသွားခဲ့ပြီး ဂွာဒီယိုလာ ကိုင်တွယ်တဲ့ မန်စီးတီး အသင်း ဟာ  အချိန်ခဏလေးအတွင်းမှာ ကမ္ဘာ့ အကောင်းဆုံးဖြစ်လာခဲ့ပါပြီ။ အခု ကျွှန်တော် ပက် နဲ့ ဆက်ဆံရေး အရမ်းကောင်းမွန်ပါတယ် ။ ပြိုင်ပွဲ မတိုင်မီ သူနဲ့ကျွန်တော် ပြသာနာလေးတွေဖြစ်ခဲ့ဖူးပေမဲ့ သူ နဲ သူအသင်းသားတွေကို လေးစားမှုရှိပါတယ် “ လို့ပြောကြားခဲ့ပါတယ်။

 


08 Oct 2018     1,415 Views




RELATED

Most Popular of Football

Most Popular of Sport