BEC-TERO TV

ပင်နယ်တီ လွှဲချော်ခဲ့တဲ့ မာရက် နှင့်ပါတ်သတ်ပြီး နည်းပြ ပက် ဂွာဒီယိုလာ ဘာပြောလဲ ..

08 Oct 2018     1,339 Views


“ ကျွှန်တော်တို့ဟာ ကြီးမားတဲ့အခွင့်အရေးကောင်း တစ်ခုရခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး ။ ရလဒ်ကိုတော့ ကျေနပ်ပါတယ် ။ ပင်နယ်တီ လွှဲချော်ခဲ့တဲ့ မာရက်ကို လည်းအပြစ်ပြောလို့ မရပါဘူး ။ ဒါက ဖြစ်လေ့ဖြစ်ထပါ ။ မန်စီးတီး အသင်းမှာကစားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိနေမှ ရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ချန်ပီယံလဒ် ကပြန်လာပြီး ကြံခိုင်မှု ၉၀ % သာရှိပါတယ်။ လီဗာပူးလ် အသင်း ရဲ့ ကောင်တာ တိုက်စစ်ကို  ထိန်းချုပ်နိုင်ခဲ့လို့ တစ်ကယ် ကျေနပ်မိပါတယ် “လို ပြောကြားခဲ့ပါတယ်။

အန်ဖီလ်း မှာ ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနှင့် မန်စီးတီးအသင်းတို့ဟာ ပွဲအစ မှာကတည်းက ဂိုးရဖို့ထက် ဂိုးမပေးရဖို့ အမှားကိုယ်စီ အမှားမခံဘဲ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ သို့သော်  ၈၅ မိနစ်အရောက်မှာ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်က ဆာနေးကို ဖြတ်ထုတ်တာ ကြမ်းတမ်းမှုကြောင့် ပင်နယ်တီပေးခဲ့ရပေမဲ့ တောင်ပံကစားသမား မာရက် လွဲချော်ခဲ့မှုကြောင့် မန်စီးတီး အသင်း အတွက် ၃ မှတ်ရဖို့ အခွင့်အရေး နစ်နာခဲ့ရပါတယ်။

ပရီးမီယားလိဂ် အမှတ်ပေးဇယားမှာ မန်စီးတီး အသင်းက ရမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် ၁ နေရာမှာ ရပ်တည်နေပြီး လီးဗာပူးလ် အသင်းက ချလ်ဆီးအသင်းအောက် ၃ နေရာမှာ ရပ်တည်နေပါတယ်။ကြားရက်မှာ နိုင်ငံတကာပွဲတွေကစားဖို့ရှိနေပြီး အောက်တို့ဘာ ၂၀ မှာ မန်စီးတီးအသင်း က အိမ်ကွင်းမှာ ဘန်လေအသင်းကို လက်ခံကစားဖို့ရှိနေပြီး လီဗာပူးလ် အသင်း က အဝေးကွင်းမှာ ဟက်ဒါဖီးလ် အသင်းကိုသွားရောက်ယှဉ်ဆိုင်ရမှာဖြစ်ပါတယ်။

 


08 Oct 2018     1,339 Views




RELATED

Most Popular of Football

Most Popular of Sport