BEC-TERO TV

အရွယ်ရောက်လာပြီဖြစ်တဲ့ကလေးသရုပ်ဆောင်များ

08 Oct 2018     1,708 Views


တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ကိုးရီးယား ဇာတ်လမ်းတွဲများထဲက ကလေးသရုပ်ဆောင်လေးတွေဟာ ဆိုရင်ဖြင့် အသက်အရွယ် ကြီးမြှင့်လာကြပါပြီ။

သူတို့ဟာ ကလေးဘကတည်းက သရုပ်ဆောင်စလုပ်ခဲ့တဲ့အတွက်ဝါအရလည်း သူများထက်ကြီးသူများဖြစ်ကြပါတယ်။

တစ်ချိန်တုန်းက ကလေးသရုပ်ဆောင်အဖြစ် လူသိများတဲ့ကလေးများဟာ လူကြီးဖြစ်လာတဲ့အချိန်မှာလဲ သရုပ်ဆောင်အလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိကြပြီး အောင်မြင်ကျော်ကြားနေဆဲဖြစ်ပါတယ်။ အဲ့ဒီကလေးသရုပ်ဆောင်လေးတွေက ဘယ်သူတွေဖြစ်ပြီး ဘယ်ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့လဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

 

1. Moon Geum Young (မွန်ဂမ်ယောင်း)

သူလေးကတော့ ပရိတ်သတ်ကြီးနဲ့ သိပ်မစိမ်းတဲ့ အွန်စောဂျွန်စော (ဆောင်းဦးရွက်ကြွေချစ်သက်သေ) ဇာတ်လမ်းမှ မင်းသမီး အွန်စောရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့သူပဲဖြစ်ပါတယ်။

2. Nam Jihyun(နမ်ဂျီဟွန်း)

မင်းသမီး နမ်ဂျီဟွန်းဟာ မြန်မာပရိတ်သတ်ကြားမှာ ကျော်ကြားခဲ့တဲ့ နန်းတွင်းကား တော်ဝင်မင်းသမီး ဇာတ်လမ်းတွဲမှာ မင်းသမီး ဒုံမန် ရဲ့ငယ်ဘဝဇာတ်ရုပ်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

3. Park Shin Hye(ပတ်ရှင်ဟေး)

အခုလက်ရှိမှာလဲ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့ မင်းသမီး ပတ်ရှင်ဟေးဟာ တစ်ချိန်က ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမသရုပ်ဆောင်ခဲ့တဲ့ မြန်မာပရိတ်သတ်များနဲ့သိပ်မစိမ်းတဲ့ ဇာတ်လမ်းတွဲကတော့ အချစ်လှေကားထစ်လေးများ ဖြစ်ပါတယ်။

4. Yoo Seung Ho(ယူဆောင်းဟို)

အငိုဇာတ်ရုပ်တွေကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားချောလေး ယူဆောင်းဟိုကတော့ ယခုလက်ရှိမှာလဲ သရုပ်ဆောင်အလုပ်ကိုဆက်လက် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သူ ကလေးဘဝတုန်းက သရုပ်ဆောင်ခဲ့တဲ့ အထင်ကရဇာတ်လမ်းတွဲတစ်ပုဒ်ကို ပြောပါဆိုလျှင် တော်ဝင်မင်းသမီးလို့ပြော ရပေမည်။ တော်ဝင်မင်းသမီး ဒုံမန်ရဲ့ တူတော်မောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

5. Lee Hyun Woo(လီဟွန်းဝူး)

The liar and his lover ဇာတ်လမ်းတွဲနဲ့နာမည်ကြီးခဲ့တဲ့ မင်းသား လီဟွန်းဝူးဟာလဲ ကလေးသရုပ်ဆောင်ဘဝက တက်လာတာပဲဖြစ်ပါတယ်။ သူသည်လည်း တော်ဝင်မင်းသမီးဇာတ်လမ်းတွဲမှာ မင်းသမီး ဒုံမန်ရဲ့ သက်တော်စောင့် ယူရှင်ရဲ့ ငယ်ဘဝဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

6. Yeo Jin Goo(ယောဂျင်ဂူး)

သူကတော့ ကလေးသရုပ်ဆောင်ဘဝကနေ လူကြီးဖြစ်လာပြီးတော့ အရမ်းကို အောင်မြင်လာတဲ့မင်းသား တစ်လက်ပါ။ နေမင်းလမင်းကြယ်တစ်စင်း (the moom that embrace the sun)ဆိုတဲ့ နန်းတွင်းဇာတ်လမ်းတွဲမှာ မင်းကြီးရဲ့ ငယ်ဘဝ အိမ်ရှေ့စံနေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

7. Kim Yoo Jung(ကင်မ်ယူဂျောင်း)

သူလေးကလဲ နေမင်းလမင်း ကြယ်တစ်စင်း (the moon that embrace the sun)ဇာတ်လမ်းတွဲမှာ မင်းသမီး ငယ်ဘဝ ဇာတ်ရုပ်ကိုပါဝင်သရုပ်ဆောင်ခဲ့သူလေးပါ။ သူမနဲ့ Yeo JinGoo ဆိုရင် ငယ်ငယ်က အတူ သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်လမ်းတွဲများ များပြားတာကြောင့် ကလေးဘဝရဲ့ စုံတွဲလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

8. Kim Sohyun(ကင်မ်ဆိုဟွန်း)

ချစ်ဖို့ကောင်းပြီး စကားကြွယ်တဲ့ ဆိုဟွန်းလေးကတော့ မြန်မာပရိတ်သတ်ကြီးနဲ့ သိပ်မစိမ်းလှပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ကလေးဘဝတုန်းက ဇာတ်လမ်းတွဲတော် တော်များများမှာ ပါဝင်ဖူးပါတယ်။ သူ့အသံလေးများကြားရင် (I can hear your voice) ဇာတ်လမ်းတွဲမှာ မင်းသမီး ငယ်စဉ်ဘဝ ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နေမင်းလမင်း ကြယ်တစ်စင်းမှာလဲ ဗီလိန် မင်းသမီးရဲ့ ငယ်ဘဝကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကလေးသရုပ်ဆောင်ဆိုလျှင် ယောဂျင်ဂူးကင်မ်ဆိုးဟွန်းနဲ့ ကင်မ်ယူဂျောင်းတို့ကို ပဲတွဲမြင်တယ်လို့ လူပြောများရလောက်အောင် သူတို့သုံးယောက်ဟာ အတွဲညီခဲ့ကြပါတယ်။

9. Kim Saeron(ကင်မ်ဆယ်ရွန်း)

သူလေးကတော့ မင်းသားဝန်ဘင်း(ထယ်စောက်)ရဲ့ နာမည်ကြီး ရုပ်ရှင်ကားတစ်ကား ဖြစ်တဲ့ The man from Nowhere ရုပ်ရှင်ကားနဲ့ ဆုရရှိခဲ့ဖူးပါတယ်။ အဆိုပါ ရုပ်ရှင်ကားနဲ့ တစ်နှစ်တာရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုလဲရရှိခဲ့ပါတယ်။


08 Oct 2018     1,708 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS