BEC-TERO TV

ကလေးကို ရေကန်ထဲ ဆွဲချခဲ့တဲ့ လက်သည်းရှည်ကြီးတစ်စုံ (ရုပ်သံ)

08 Oct 2018     1,436 Views


တစ်လောက ထိုင်းနိုင်ငံ စာသင်ကျောင်းတစ်ခုမှာ ဝိဉာဉ်နဲ့ စကားပြောနေတဲ့ ကလေးရုပ်သံပျံ့နှံ့ခဲ့သလို ဒီတစ်ခါမှာလည်း နေ့ခင်းကြောင်တောင်  ခြောက်ခြားစရာ လက်သည်းရှည်ကြီး တစ်စုံက ကလေးကို ရေထဲဆွဲချတဲ့ ရုပ်သံ အွန်လိုင်းပေါ်မှာ အုတ်အော်သောင်းနင်း ပျံ့နှံခဲ့ပြန်ပါတယ်။
 
မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုပ်သံဟာ အောက်တိုဘာလ ၄ ရက်နေ့က အွန်လိုင်းပေါ်မှာ စတင်ပျံ့နှံ့ခဲ့ပြီး အခုချိန်ထိ ပြန်လည်ဝေမျှသူ ၃ သိန်းကျော်၊ ဝင်ရောက်ရေးသားသူ သုံးသောင်းသုံးထောင်ကျော် ရှိနေပြီး အငြင်းပွားနေရတဲ့ ရုပ်သံတစ်ခုလည်းဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀ စက္ကန့်သာရှိတဲ့ ရုပ်သံဟာ ကြည့်ရှုသူတွေကို ကြက်သီးဖျန်းဖျန်း ထစေခဲ့ပါတယ်။ ရုပ်သံမှာ ကလေးငယ်လေးနဲ့ ဖခင်ဖြစ်သူတို့ သားအဖနှစ်ယောက် ရေကူးကန်မှာ ရေကူးနေစဉ်  အမျိုးသမီးတစ်ဦးက ဗီဒီယိုရိုက်ခဲ့တာဖြစ်ပါတယ်။
 
ဖခင်ဖြစ်သူက သားအား ရေကူးသင်ပေးနေစဉ် ကလေးက ရေနစ်မလိုဖြစ်သွားတာကြောင့် ရေကန်ဘောင်ပေါ်သို့ ချီမပြီး ပြန်တင်ချိန်တွင် သားဖြစ်သူရဲ့ ခြေထောက်ကို ရေအောက်က လက်သည်းအရှည်နဲ့ လက်တစ်ချောင်း ရုတ်တရက် ပေါ်လာပြီး ကလေးရဲ့ ခြေထောက်ကို ဆွဲချသလို ပွတ်သပ်ကိုင်တွယ်ပြီး ချက်ခြင်းပြန်ပျောက်သွားပါတယ်။ သူတို့ရဲ့ အောက်မှာလည်း ရေကူးနေတဲ့သူ မရှိသလို၊ ရေကန်ဘောင်နဲ့ ကပ်နေတာကြောင့် လူတစ်ယောက် အောက်ကနေ ဖြတ်သွာဖို့ မလွတ်လောက်တဲ့ အခြေအနေဖြစ်ပါတယ်။ ကလေးကလည်း ကြောက်လန့်တကြားနဲ့ အော်လိုက်တာကို ရုပ်သံမှာ တွေ့လိုက်ရပါတယ်။
 
 
ရေနစ်မလိုဖြစ်သွားတဲ့ ကလေးကို ဖခင်က ပြန်ကယ်တင်ပေမယ့် တစ်စုံတစ်ရာက အလွတ်မပေးလိုပဲ ဆွဲချခဲ့တယ်လို့ ယုံကြည်ပြောဆိုသူတွေရှိသလို တစ်ချို့ကလည်း ကလေးကို စနောက်တာဖြစ်နိုင်ကြောင်း အပြန်အလှန်ပြောဆိုမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
 
 
"Eiyna Sharina" ဆိုသူက အွန်လိုင်းပေါ်တင်ခဲ့ပြီး သရဲလိုလို တစ်ကယ်လိုလိုနဲ့ ကြည့်ရှုသူတွေကြားမှာ အကြီးအကျယ်အငြင်ပွားစရာ ရုပ်သံတစ်ခု ဖြစ်လို့နေပါတယ်။ ရုပ်သံကြည့်ပြီးနောက် စာဖတ်သူရဲ့ အမြင်ကရော ဘယ်လိုထင်မိလဲဆိုတာ ပြောပေးသွားပါဦး..။
 

 


08 Oct 2018     1,436 Views




RELATED

Most Popular of Special or Others

Most Popular of NEWS