BEC-TERO TV

NHK ရဲ့ သီးသန့်အင်တာဗျူး မှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများ

08 Oct 2018     1,287 Views


လူနည်းစု ရိုဟင်ဂျာ လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို ပြန်သိမ်းဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို ဂရုမစိုက်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

စနေနေ့က တိုကျိုမှာ ဒေါ်အောင်ဆန်းစုကြည်ကို NHK က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ "ဆုတံဆိပ်တွေ၊ ဂုဏ်ပြုတာတွေကို ကျွန်မ အဲဒီလောက်ကြီးဂရုမစိုက်ပါဘူး။ မတုန်မလှုပ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါလျက်နဲ့ မရပ်တည်တဲ့ မိတ်ဆွေတွေအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ခင်မင်မှုဆိုတာ နားလည်မှုပေးတာ၊ အနည်းဆုံးတော့ ကိုယ်ထင်ရာစွဲပြီး ကောက်ချက်ချတာမျိုးထက် အခြေအနေကို နားလည်ဖို့ ကြိုးစားပေးတာလို့ ကျွန်မ ယူဆပါတယ်။ ဆုဆိုတာမျိုးက နေ့မြင်ညပျောက်ပါ" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ စတင်ခဲ့ချိန်ကစပြီး ရိုဟင်ဂျာ ၇သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အဲဒီပြဿနာအတွက် အမြန်ဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။ "ရခိုင်ပြည်နယ်တစ်ခုတည်းရဲ့ အခြေအနေကိုတောင် နားလည် သဘောမပေါက်နိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံးရဲ့ အခြေအနေကို ဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ မြန်မြန်နဲ့ ချက်ချင်း အားရကျေနပ်ဖွယ် ရလဒ်တွေကို ပြသနိုင်ဖို့ကိုပဲ လိုလားကြပါတယ်။ ကိစ္စရပ်တိုင်းကို မြန်မြန်ဆန်ဆန်နဲ့ ချက်ချင်း အကောင်အထည်ဖော်ဖို့ ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီလိုအလျင်အမြန်ဖြေရှင်းတာရဲ့ အကျိုးဆက်တွေကို ရေရှည်မှာ ကျွန်မတို့ပဲရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တာကြောင့် အဲဒီလိုလုပ်ဖို့ ကျွန်မတို့ မတတ်နိုင်ပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

Ref ; NHK 

 


08 Oct 2018     1,287 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS