BEC-TERO TV

ပရီးမီယားလိဂ် ဖလားအတွက် အလန်ရှီးယားသုံးသပ်ချက် ….

08 Oct 2018     1,328 Views


ဒီရာသီ ပရီးမီးယားလိဂ် ပိုမိုပြိုင်ဆိုင်ပြင်းထန်ဖို့ရှိနေပြီး ဇယားထိပ် ငါးသင်း ဟာ ၂ မှတ်စီသာကွာဟ နေတာတွေ့ရပါတယ်။ ကျွန်တော် မြင်နေတဲ့ ပြိုင်မြင်း နှစ်ကောင်ကတော့ လီဗာပူးလ်း နဲ မန်စီးတီး ပါ ။ အာဆင်နယ် ကလည်း လက်ရှိမှာ ဖူဟမ် အသင်းကို အနိုင်ယူပြီး ၆ ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက ပြိုင်မြင်းတွေကို ဖိအားပေးနေပါတယ်။ ဒါပေမဲ့ ဂန်းနာတွေရဲ့ ပွဲစဉ်တွေကို ကျွန်တော် ကြည့်ခဲ့ပြီးပါပြီ။ ထင်သလောက်မဟုတ်ပါဘူး .။ အဆင့် ၄ အတွင်းတော့ ပြောလို့ရကောင်း ရပေမဲ့ ချန်ပီယံဆု ကို စိန်ခေါ်ဖို့ ဝေးသေးပါတယ်။

 

စပါးအသင်းအကြောင်းပြောရရင် ၂၀၁၆ -၂၀၁၇ ကစပြီးတဖြည်းဖြည်း တိုးတတ်လာတာတွေ့ရပါတယ် ၊ ရာသီ အစမှာလည်း ရမှတ်ကောင်းတွေယူထားနိုင်ခဲ့ပါတယ်။ စက်တင်ဘာလ မှာ အခက်အခဲ့ဆုံး ပွဲတွေကို ကစားထားနိုင်ခဲ့ပါတယ်။ ပိုချက်တီနို ၏ ဦးဆောင်မှုဖြင့် အကောင်းဆုံး ဆက်လျောက်နေပြီး ဘာတွေဖြစ်လာမလဲ ဆိုတာတော့ ရာသီကုန်မှာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီး ၊ လီဗာပူးလ် ၊ ချလ်ဆီး တို့၏ လူစာရင်းလောက်တော့ တောင့်တင့်မှုမရှိသေးပါဘူး။

မန်ယူလား ? မန်ယူ ကတော့  အခြေအနေဆိုးထဲရောက်ရှိနေတာပါ ။ သူအနေနဲ့ကတော့ ချန်ပီယံ ကိုမမှန်းသင့်သေးပါဘူး ။ အဆင့် ၄ အတွင်းဝင်ဖို့က သူရဲ့ target ပါ။

ချလ်ဆီးအသင်းက အခြေအနေကောင်းပါတယ်၊ ချန်ပီယံဆု ကိုစိန်ခေါ်နိုင်ပါတယ်။ ဘာလို့ဆိုတော့ သူမှာ အီဒင် ဟာဇတ် တစ်ယာက်လုံးရှိနေတာပဲလေ. .

ကျွန်တော် ဇယားကိုကြည့်ပြီးပါပြီ ။  ၈ ကနေ ၁၀ အထိ အမှတ် အနေအထားက ကြီးကြီးမားမား မပြောင်းလဲသေးပါဘူး။ ဒါပေမဲ့ အချိန်တွေက အဝေးကြီးလိုပါသေးတယ်. ရာသီ အဆုံး မေလမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့် ကြတာပေါ့

ဆာရီ ကပြောတယ် သူက လီဗာပူးလ် နဲ့ မန်စီးတီး တို့ကို ယှဉ်ဖို့လိုအပ်သေးတယ်တဲ့ ..ဒါပေမဲ့ ဟာဇတ်ရဲ့ ကြံခိုင်မှုနဲ့ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြနေမယ်ဆိုရင် တော့ ကောင်းကောင်းကြီး ယှဉ်နိုင်တာပေါ့ဗျာ..

ကြည်လေဗျာ ရုရှား ကမ္ဘာဖလား မှာ ဘယ်ဂျီလ်ယံ အသင်းနဲအတူ အကောင်းဆုံးခြေစွမ်ပြထားနိုင်ပြီး မနေ့က ကန်တဲ့ ဆောက်သမ်တန် အသင်း မှာ သွင်းဂိုးတွေနဲ အသင်းကို  အကူအညီ ပေးနေတာပ၊ဲ ပိုကောင်းသွားတာက ဆာရီလက်ထပ်မှာ ဒေးဗစ်လုစ် ကနောက်တန်းမှာ အကောင်းဆုံး ခြေစွမ်း ပြနေတာပါ။ လို့    နယူးကာဆယ် ကစားသမားဟောင်း အလန်ရှီးယားက သုံးသပ်ပြောကြားခဲ့ပါတယ်။

 


08 Oct 2018     1,328 Views




RELATED

Most Popular of Football

Most Popular of Sport