BEC-TERO TV

ထိုင်းတွင် လူမိုက်ဂိုဏ်းနှစ်ဖွဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် နိုင်ငံခြားခရီးသည် အချို့သေဆုံး

09 Oct 2018     1,456 Views


အောက်တိုဘာ ၇ ရက် တနင်္ဂနွေနေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် လူငယ်ဂိုဏ်းအဖွဲ့နှစ်ဖွဲ့ သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားခရီးသွားဧည့်သည် ၂ ဦး ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးခဲ့ရသလို အခြားသူများလည်း ဒဏ်ရာရရှိခဲ့သည်။
 
 
အဆိုပါနေ့ ည ၈ နာရီခွဲ အချိန်ခန့်က Centra Watergate Pavillion Hotel တွင် ရပ်ထားသော ခရီးသည်တင်ကား ရပ်နားရာစခန်းအနီးတွင် အနောက်ဘက်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြစ်ခတ်မှုကြောင့် အသက် ၄၂ နှစ်အရွယ် အိန္ဒိယနိုင်ငံသားနှင့် အသက် ၂၈ နှစ်အရွယ် လာအို နိုင်ငံသား ခရီးသည်နှစ်ဦး အပြင်အထန်ဒဏ်ရာရကာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။ အခြား အသက် ၄၅ နှစ်အရွယ် အိန္ဒိယနိုင်ငံသား၊ အသက် ၂၂ နှစ် နှင့် ၂၃ နှစ်အရွယ် ထိုင်းနိုင်ငံသား နှစ်ဦးတို့လည်း ဒဏ်ရာများရရှိခဲ့ကြောင်း ရဲဌါနက ထုတ်ပြန်ကြေညာခဲ့သည်။
 
စနူကာခန်းမမှာ ပြဿနာတက်လာသော လူငယ် ၃ ဦးက ရိုင်ဖယ်သေနတ်များနဲ့ သူတို့ရဲ့ ပြိုင်ဘက်ဖြစ်သူတွေကို လူပုံအလယ် လမ်းမမှာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အခြားအပြစ်မဲ့ နိုင်ငံခြားခရီးသည်များပါ ထိမှန်သေဆုံးခဲ့ရကြောင်း နယ်ထိန်းရဲအရာရှိ Pol Maj Gen Senit Samararn Samruajkit က ပြောဆိုခဲ့သည်။
 
မျက်မြင်သက်သေအချို့ကတော့ အသက် ၂၀ ဝန်းကျင် လူငယ်အချို့ဟာ ပစ္စတိုသေနတ်၊ ဓါးများကိုင်ကာ စနူကာခန်းမထဲမှ ပြေးထွက်လာပြီး သူတို့နောက်ကနေ အခြားလူငယ်တွေက ရိုင်ဖယ်သေနတ်များနဲ့ ပစ်ခတ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ AK47 ရိုင်ဖယ်သေနတ်များကို အခင်းဖြစ်ပွားတဲ့နေရာမှာ ရဲတွေက သိမ်းဆည်းရမိခဲ့ပါတယ်။
 
 
သေဆုံးခဲ့သူ အိန္ဒိယနိုင်ငံသားဟာ ညစာစားပြီးနောက် ဟိုတယ်သို့ပြန်ရန် တိုးအဖွဲ့နဲ့အတူ ခရီးသည်တင်ကားဆီကို ထွက်အလာမှာ သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း တိုးအဖွဲ့ရဲ့ ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခဲ့သူ လူငယ်များဟာ အနီးနားပတ်ဝန်းကျင်က လူမိုက်အဖွဲ့ဖြစ်နိုင်ကြောင်း ရဲအရာရှိက ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

09 Oct 2018     1,456 Views




RELATED

Most Popular of International News

Most Popular of NEWS