BEC-TERO TV

ထိုင်းလေကြောင်းလိုင်း လေယာဉ်ဆင်းသက်စဉ် ပြေးလမ်းချော်

10 Oct 2018     1,298 Views


တရုပ်နိုင်ငံ ဂွမ်ကျိုးမြို့မှ ပျံသန်းလာသော ထိုင်းလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ကာ လမ်းဘေးမြက်ခင်ပြင်များပေါ် ထိုးစိုက်မှုတစ်ခု အောက်တိုဘာ ၈ ရက် တနင်္လာနေ့ညက ဖြစ်ပွားခဲ့သည်။
 
 
လေကြောင်းလိုင်းအမှတ် TG 679 ဆင်သက်စဉ် လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၉၇ ဦးနှင့် လေယာဉ်အမှူထမ်း ၁၈ ဦးတို့တွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ထိုင်းနိုင်ငံလေကြောင်းလိုင်း လုံခြုံရေးမှ ဒါရိုက်တာဖြစ်သူ Pratthana Pattanasirim က အတည်ပြုပြောကြားခဲ့သည်။ 
 
 
ဘိုးရင်း 747-400 လေယာဉ်ဟာ ဂွမ်းကျိုးလေဆိပ်ကနေ ဒေသခံစံတော်ချိန် ည ၈ နာရီ ၅၈ မိနစ်မှာ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ည ၁၀ နာရီ ၄၈ မှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ ခရီးသည်များကို လေဆိပ်အတွင်းသို့ ဘေးကင်းစွာ ရွေ့ပြောင်းနိုင်ခဲ့ပြီး သူတို့ရဲ့ ခရီးဆောင်သေတ္တာများကို စောင့်ဆိုင်းနေစဉ် လေကြောင်းလိုင်းမှ အကျွေးအမွေးများနဲ့ ဧည့်ခံခဲ့ကြသည်။ 
ဖြစ်စဉ်နဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ထိုင်းလေကြောင်းလိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု Pratthana က ပြောကြားခဲ့သည်။
 

10 Oct 2018     1,298 Views




RELATED

Most Popular of International News

Most Popular of NEWS