BEC-TERO TV

ဓါတ်လှေကားအပေါက်ထဲပြုတ်ကျကာ အမျိုးသားကြီးသေဆုံး (ရုပ်သံ)

11 Oct 2018     21,356 Views


အမျိုးသားကြီးတစ်ဦးဟာ သူရဲ့သားမက်နဲ့အတူ ဓါတ်လှေကားစောင့်ဆိုင်းနေစဉ် သားမက်ဖြစ်သူက ဓါတ်လှေကား အဝင်တံခါးပေါက်ကို သူနည်းသူ့ဟန်ဖြင့် ကလော်ဖွင့်လိုက်ချိန် အမျိုးသားကြီးမှ ဓါတ်လှေကား ရောက်ပြီအထင်နဲ့ အထဲဝင်သွားခဲ့ရာ ဓါတ်လှေကား အပေါက်ထဲသို့  ၂၆ ပေကျော် အမြင့်မှ ပြုတ်ကျခဲ့သဖြင့် သေဆုံးမှုဖြစ်ခဲ့ပြီး ဖြစ်စဉ်အစအဆုံးကို စီစီတီဗီမှ ဖမ်းယူထားနိုင်ခဲ့သည်။
 
စက်တင်ဘာလ ၂၄ ရက်နေ့က တရုပ်နိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်ဖြစ်သည်။ အဆိုပါရုပ်သံ အောက်တိုဘာလ ၅ ရက်နေ့က တရုပ်လူမှုကွန်ယက် ဝီဘိုတွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြစ်တင်ဝေဖန်သူများ ပြန်လည်မျှဝေသူများပြားခဲ့သည်။
 
 
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ရာ “ကျူ” ဟုသာ အမည်ဖော်ပြထားသော အမျိုးသားက သူ၏ ယောက္ခထီးဖြစ်သူကို မိသားစုစုံတွေ့ပွဲအတွက် စက်တင်ဘာ ၂၄ ရက်နေ့က အိမ်သို့ခေါ်လာခဲ့သည်။ အဲဒီနောက် ယောယ္ခထီးက အနီးနားဝန်းကျင်ရှိ မိတ်ဆွေများထံ သွားလည်ချင်သည်ဟု ဆိုသဖြင့် သူကက လိုက်ပို့ပေးခဲ့ခြင်းဖြစ်သည်။
 
တိုက်ခန်း၏ ပထမထပ်တွင် ဓါတ်လှေကားစောင့်နေစဉ် ဓါတ်လှေကားမှာ ရောက်မလာပဲ ညွှန်ပြသော ခလုပ်များ မီးမှိတ်တုပ် မှိတ်တုပ် ဖြစ်နေသောကြောင့် “ကျူ” က သူ့ရဲ့ ကရိယာတစ်ခုဖြင့် ထိုးကော်ပြီး ဖွင့်ခဲ့ခြင်းဖြစ်သည်။ 
“ကျူ” ဟာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ လျှပ်စစ်ပညာရှင်ဖြစ်သဖြင့် တတ်သည့်ပညာမနေသာဆိုသလို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် သူ၏ ယောက္ခထီးဖြစ်သူမှာ သူရဲ့အနောက်နားမှာ ကပ်ရပ်နေတယ်ဆိုတာကို သူမေ့သွားတယ်လို့ ပြောခဲ့ပါတယ်။ 
 
ဓါတ်လှေကားတံခါး ပွင့်လာချိန်မှာ အမျိုးသားကြီးက ဘာမပြောညာမပြောဖြင့် ဓါတ်လှေကားရောက်သည်ထင်ပြီး ဝင်သွားခဲ့ရာ အပေါ်ထဲပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ မထင်မှတ်ထားတာကြောင့် “ကျူ” က လှမ်းဆွဲသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ လက်ရှိမှာအဆိုပါအမှုကို မြေယာပိုင်ဆိုင်မှုစီမံခန့်ခွဲရေးရုံးနှင့် မိသားစုဝင်များ ပူးပေါင်းဖြေရှင်းနေရကြောင်း သိရှိရသည်။
 

11 Oct 2018     21,356 Views




RELATED

Most Popular of Special or Others

Most Popular of NEWS