BEC-TERO TV

အလုပ်ခွင်မှာ ပျော်ရွင်စေဖို ဘာလိုတွေလုပ်ဆောင်ရမလဲ

11 Oct 2018     1,412 Views


ကျွန်တော်တို့ နေစဉ် စားဝတ်နေရေးအဝတ်အတွက် ပုံစံမျိုးစုံဖြင့် လှုပ်ရှားရုံးကန် အလုပ်လုပ်နေကြရပါတယ်။ အဲလို့ အလုပ်လုပ်မှာ  ပျော်ရွင်တဲ့ပုံစံ ဖြင့် အလုပ်လုပ်နိုင်ဖို့အတွက် လုပ်ငန်းခွင်မှာလည်း ပျော်ရွင်စေဖို့ လိုအပ်ပါတယ်။ အလုပ်ခွင်မှာ ပျော်ရွင်စေဖို့ လိုအပ်တဲ့ အချက် (၄) ကို ပြောပြပေးသွားပါမယ်။
 
(၁) မိမိ အလုပ်ကိုတာဝန်ကျေပါစေ
 
အလုပ်တစ်ခုလုပ်မယ်ဆိုရင် ကိုယ်လုပ်တဲ့ အလုပ် ကိုတာဝန်ကျေဖိုလိုအပ်ပါတယ် ။ ဒါမှသာ ကိုယ်လုပ်ဖော် ကိုင်ဖက်တွေနဲ အဆင်ပြေပြီး ပျော်ပျော် ရွင်ရွင် အလုပ်လုပ်သွားနိုင်မှာပါ ။
 
(၂) ဆက်ဆံရေးကောင်းမွန်ပါစေ
 
 ကိုယ်အလုပ်တွေကို ဘယ်လောက်တာဝန်ကျေနေပါစေ ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေရင် ကိုယ်ရဲလုပ်ငန်းခွင် စိတ်ပျက် ငြီးငွေ့ဖွယ်ကောင်းနေမှာပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြီး မငြီးမညူ အမြဲကူညီပေးဖို့လဲလိုအပ်ပါတယ် ။
 
(၃) အမြဲလေ့လာနေပါ ။ သင်ယူပါ ။ Share လုပ်ပါ
 
  ကိုယ်လုပ်ငန်းခွင်နဲ့ ပါတတ်သတ်ပြီး ဖြစ်စေ ၊ အခြားဗဟုသုတ တွေနေစဉ် ရှာမြှီးနေဖို့လည်း လိုအပ်ပါတယ်။ဒါမှသာ အလုပ်ရဲ လိုအပ်ချက်တွေရော လုပ်ငန်းတိုးတတ်မှုဆိုင်ရာ အကြောင်း အရာတွေ ဆွေးနွေးဖလှယ်ပါ ၊ ဒါကလည်း အောင်မြင်တဲ့ လုပ်ငန်းခွင့်ရဲ့ သော့ချက်လည်းဖြစ်ပါတယ်။
 
(၄)  နောက်ဆုံး တစ်ချက်ကတော့ ကိုယ်ကိုကိုယ်နေ့စဉ်ဆန်းစစ်မှုပြုရမယ်
 
    တစ်နေ့ကို ပျမ်းမျှ မလုပ်ချိန် ၈ နာရီမှာ ကိုယ်နေ့စဉ် လုပ်ခဲ့အကြောင်းအရာတွေနဲ့ပါတ်သတ်ပြီ မိနစ် ၂၀ ခန့် ဆန်းစစ်သင့်ပါတယ် ။ ဘယ်နေရာတွေကတော့ လိုအပ်ချက်တွေရှိသေးတယ် ၊ ဘယ်လိုလုပ်ရင်တော့ ကောင်းမယ် အစရှိတဲ့  အမှား / အမှန်တွေကို ပြန်လည်စစ်ဆေးသင့်ပါတယ်။ မိမိ ကိုယ်ကိုဆန်းစစ်လို့ အဖြေထွက်လာပြီဆိုရင် ဘယ်အရာတွေကိုတော့ပြင်ဆင်ပြီးလုပ်မယ် ၊ အကောင်းဆုံးလုပ်မယ်  လို့ ဆုံးဖြတ်ချက်ချပြီး နောက်နေ့မှာ စိတ်သစ်လူသစ်နဲ့ အလုပ်လုပ်နိုင်မှာပါ ။
 
 
 
 
 

11 Oct 2018     1,412 Views




RELATED

Most Popular of Special or Others

Most Popular of Life Style