BEC-TERO TV

ဝေးကြမယ်ဆိုရင်တောင် အပြုံးနဲ့ပဲ အဆုံးသတ်ချင်တယ်ဆိုတဲ့ မအေးသောင်း

11 Oct 2018     1,372 Views


သရုပ်ဆောင်အေးဝတ်ရည်သောင်းကတော့ ယဉ်စစချောမောတဲ့မျက်နှာ အချိုးအစားကျလှပတဲ့ခန္တာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး တည်ငြိမ်ရင့်ကျက်မှုအပြည့်နဲ့ ရှင်းသန့်တဲ့သူမရဲ့အလှအပကြောင့် ပုရိဿအပေါင်းရဲ့ အခိုင်အမာဝန်းရံအားပေးခြင်းကိုခံထားရသူဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးများကို သပ်ရပ်လှပစွာဝတ်စားတတ်သူတစ်ယောက်မို့ မိန်းကလေးပရိသတ်များကပါ သဘောကျနှစ်သက်ကာ ချစ်ခင်အားပေးနေကြရတဲ့ မအေးသောင်းကတော့ ယခုထိတိုင် အပျိုကြီးတစ်ယောက်ရဲ့ဂုဏ်ကိုထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

အေးချမ်းတဲ့အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့မအေးသောင်းက ပရိသတ်တွေကိုအတိအလင်းချပြခြင်းမရှိပေမယ့် အချစ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို စာဖွဲ့ကာသူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားလေ့ရှိပါတယ်။ သူမရေးသားတဲ့စာလေးကိုကြည့်ရုံနဲ့ သူမကိုယ်တိုင်က အရမ်းကိုချစ်တတ်တဲ့နှလုံးသားပိုင်ရှင်တစ်ယောက်ဆိုတာသိနိုင်ပါတယ်နော်။ တစ်ခါတစ်လေချစ်သူကိုလွမ်းတဲ့အကြောင်းလေးတွေရေးသားတတ်တဲ့ မအေးသောင်းက သူမရဲ့ရင်တွင်းခံစားချက်လေးတစ်ချို့ကိုထုတ်ဖော်ရေးသားလိုက်ပါတယ်။

“ဘဝမှာအထီးကျန်တဲ့ဘဝကို ဂုဏ်ရှိရှိခံယူတာက… နာနာကျင်ကျင်ချစ်နေရတာထက်စာရင်
ကောင်းပါတယ်။ ကိုယ့်တို့ဝေးကြမယ် ဆိုရင်တောင် အပြုံးနဲ့ပဲအဆုံးသတ်ချင်သူပါ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်ကနေ ရင်ဖွင့်ရေးသားလိုက်ပါတယ်။ မအေးသောင်းရေးသားလိုက်တဲ့စာကြောင့် ပရိသတ်တွေက သူမအတွက်စိုးရိမ်လို့နေကြပါတယ်။

မအေးသောင်းကတော့ လက်ရှိမှာ ကြောငြာတွေရိုက်ရင်း ပွဲတွေတက်ရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို ရှေ့ဆက်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်လဲ သူမရဲ့လှုပ်ရှားမှုပုံရိပ်မှန်သမျှကို လူမှုကွန်ယက်ကနေအမြဲမျှဝေပေးလေ့ရှိသူတစ်ယောက်ပါ....

 


11 Oct 2018     1,372 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS