BEC-TERO TV

ဖန်တွေ ပေးလိုက်တဲ့ လက်ဆောင်ကြောင့် ရှောခ့်ဖြစ်သွားတဲ့ “မေမဒီ”

11 Oct 2018     1,290 Views


Myanmar Idol Season 3 ပြိုင်ပွဲစဉ် “မေမဒီ” တစ်ယောက် သုမကို အားပေးကြတဲ့ ဖန်တွေစုပြီး ဝယ်ပေးလိုက်တဲ့ လက်ဆောင်ကြောင့် အရမ်းကို အံ့သြဝမ်းသာ သွားခဲ့ရတယ်လို့ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
 
 
“မေမဒီ” ဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင် အမှတ်စဉ် ၆ ဖြစ်ပြီး Top 11 ထဲကို ဝင်ရောက်နိုင်ခဲ့သူလေးဖြစ်ပါတယ်။ ကိုယ်တိုင် သီချင်းရေးနိုင်သလို ဂစ်တာကိုလည်း ပိုင်နိုင်စွာ တီးခတ်နိုင်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။
 
 
 
 
 
အခုတော့ သူမချစ်တဲ့ ပရိသတ် “Hardcore Madians” အဖွဲ့လေးက စုပြီး သူမအတွက် Honda Fit ကားလေးတစ်စီး ဝယ်ပေးလိုက်တာကြောင့် “မေမဒီ” တစ်ယောက် အရမ်းကိုပျော်နေပါပြီတဲ့..။
 

11 Oct 2018     1,290 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS