BEC-TERO TV

အွန်လိုင်းမဲကောက်ခံမှုမှာ မက်စီအသာရမှုကြောင့် စစ်တမ်းကောက်မှု ရုတ်တရက် ဖျက်သိမ်း

11 Oct 2018     1,363 Views


  ဘလွန်ဒီအော်ဆုကို ဦးစီး ချီးမြင့်မယ့် ပြင်သစ်ဘောလုံး မဂ္ဂဇင်း ဟာ ၂၀၁၈ ခုနှစ်အတွက် ဘလွန်ဒီအော် ဆုကို ဘယ်သူ ရရှိသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ပရိသတ်တွေကို အွန်လိုင်းပေါ်ကနေ ဆန္ဒမဲ ကောက်ခံနေခဲ့ရာ ၊ နောက်ပိုင်းမှာတော့ အဲဒီ စစ်တမ်းကို မက်ဆီက အပြတ်အသတ် ဦးဆောင်နေတာကြောင့် ရုတ်တရက် ဖျက်သိမ်းသွားခဲ့ပါတယ်။

မကြာသေးခင်ကပဲ အဲဒီဆုအတွက် ဆန်ကာတင် ကစားသမား စာရင်း အယောက် ၃၀ ကို တရားဝင် ကြေငြာခဲ့သလို ၊ ဆုရဖို့ ရေပန်းစားနေတဲ့ ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ ၊ ရိုနာဒို ၊ ဆာလတ် ၊ မိုဒရစ်တို့လဲ ပါဝင်လာခဲ့ပါတယ်။ ကြေငြာပြီး နောက်ပိုင်းမှာတော့ France Football က သူတို့ရဲ့ Website ပေါ်ကနေ တဆင့် အဲဒီဆုအတွက် ဘယ်သူ့က ရသင့်လဲ ဆိုပြီး မဲကောက်ခံ ခဲ့ရာ ၊ စုစုပေါင်း မဲပေးသူ ၇၀၀၀၀၀ အထိ ရှိလာခဲ့ပြီး ၊ မက်ဆီက မဲဆန္ဒပေါင်း ၄၈ % နဲ့ ဦးဆောင် ခဲ့သလို ၊ ဒုတိယ နေရာမှာတော့ လီဗာပူး တောင်ပံ ကစားသမား ဆာလတ်က ၃၁% နဲ့ ရှိနေခဲ့ ပါတယ်။ တတိယ နေရာမှာတော့ ၈% နဲ့ ရိုနာဒို တို့က အသီးသီး ရပ်တည်နေခဲ့တာပါ။

သို့သော် France Football အဲဒီ ရလာဒ်ကို သတိထားမိ သွားစဉ်မှာပဲ ချက်ခြင်း ပြန်ဖျက်လိုက်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဆု ချီးမြှင့်မှုအတွက် အငြင်းပွားဖွယ်ရာတွေ မဖြစ်စေချင်လို့ အခုလို ဖျက်လိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်သလို ၊ ဒီဆုအတွက် အခုလို အွန်လိုင်းကနေ ဆန္ဒမဲ ပေးတာဟာလဲ မည်သည့် သက်ရောက်မှု မရှိတာကြောင့်လဲ ပြန်ဖျက်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။

တကယ်တော့ ဒီဆုဟာ ဂျာနယ်လစ်တွေကနေ ပေးတဲ့ ဆန္ဒမဲနဲ့ ဆုံးဖြတ်မှာ ဖြစ်ကာ ၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ တရားဝင် ကြေငြာပြီး ဆုချီးမြှင့် သွားမှာ ဖြစ်ပါတယ်။


11 Oct 2018     1,363 Views




RELATED

Most Popular of Football

Most Popular of Sport