BEC-TERO TV

ဝက်ခြံကြောင့်ဖြစ်ပေါ်လာတဲ့ အမာရွတ်နဲ့ အနီစက်များကို အမြန်ဆုံးသက်သာပျောက်ကင်းစေမည့် နည်းလမ်းကောင်းများ

11 Oct 2018     1,690 Views


(၁) နံ့သာဖြူ မှုန့် နှင့် နှင်းဆီရည်နံ့သာဖြူ မှုန့် နှင့် နှင်းဆီရည်ကို ပျစ်ပျစ် ဖျော်စပ်ပြီး အမာရွတ်ပေါ် တိုက်ရိုက် လိမ်းပေးပါ။ အချိန် ၁ နာရီ ကျော် ထားပါ (သို့မဟုတ်) တစ်ညလုံး လိမ်းအိပ် နိုင်ပါတယ်။ ပြီးရင် ရေအေးဖြင့် မျက်နှာသစ်လိုက်ပါ။ အသားအရေ အေးမြတဲ့ ခံစားမှုကို ချက်ချင်း သိရမှာပါ။ အမာရွတ်တွေ သိသိသာသာ လျော့ပါး သက်သာ လာစေပါတယ်။ (Rosewater လို့ခေါ်တဲ့ နှင်းဆီရည်ကို အလှကုန် ပစ္စည်းဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)

(၂) သံလွင်ဆီ သံလွင်ဆီနဲ ့အမာရွတ်ကို နေ့စဉ် လိမ်းပေး ကြည့်ပါ။ အစိုဓာတ် ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်းကြောင့် အသားအရေ နူးညံ့ ချောမွတ်ကာ အမာရွတ်တွေလည်း ပြေပျောက် သွားနိုင်ပါတယ်။

(၃) သခွားသီးအသားအရေထိန်း အလှကုန် ပစ္စည်း တွေကို ဘာ့ကြောင့် သခွားသီး နဲ ့ဖော်စပ် ထုတ်လုပ် ထားရပါသလဲ။ အဖြေ ကတော့ ရှင်းရှင်းလေးပါ။ သခွားရည်က အသားအရေ ကို နူးညံ့ ချောမွေ့အေးမြစေပြီး၊ ဝက်ခြံ အမာရွတ် တွေကိုလည်း ပျောက်ကင်း သက်သာ စေလို့ပါပဲ။

(၄) ရှားစောင်းလက်ပက်ရှေးယခင်က စလို ့ ရှားစောင်း လက်ပက်ပင်ရဲ့ ဂျယ်လီတွေကို အသားအရေ အတွက် အိမ်တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ကြပါတယ်။ သူက မျက်နှာ အသားအရေ ကို ကျန်းမာ သိပ်သည်း ကြံ့ခိုင်စေပြီး တင်းတိပ်၊ ဝက်ခြံနဲ့ ဝက်ခြံကြောင့် စွဲကျန်ရစ်တဲ့ အမာရွတ်တွေ ကို သက်သာ ပျောက်ကင်း စေတယ်နော်။

(၅) ရေတစ်နေ့ကို သောက်ရေ ဖန်ခွက် ၈ ခွက် စာထက် မနည်း သောက် ဖြစ်အောင် သောက်ကြနော်။ ရေသောက်ခြင်းက ခန္ဒာကို်ယ် အရေပြား ရှိ အဆိပ်အတောက်များ ကို ဖယ်ရှား သန့်စင်စေပြီး အရေပြား ဆဲလ် အသစ်များကို မွေးဖွား ပေးကာ၊ ဝက်ခြံကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ၊ အမာရွတ်တွေကို ဖယ်ရှား သန့်စင် ပေးတယ်လေ။ပိုပိုလေးအနေနဲ့ ပျိူမေလေးတို့အလှတိုးဖို့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 


11 Oct 2018     1,690 Views




RELATED

Most Popular of Health Fix

Most Popular of Life Style