BEC-TERO TV

ဘောင်းဘီတိုဝတ်ခရီးသည်ကို ဆော်ဒီလေကြောင်းလိုင်း လေယာဉ်ပေါ်တက်ခွင့်မပေး

11 Oct 2018     1,330 Views


အောက်တိုဘာလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ရီရတ်ဒ် သို့ပျံသန်းမည့် ခရီးစဉ်တွင် ခရီးသည်တစ်ဦးအား ဘောင်းဘီတိုဝတ်ဆင်ထားသဖြင့် ဆော်ဒီလေကြောင်းလိုင်းမှ လေယာဉ်ပေါ်သို့ တက်ခွင့်မပြုခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
 
လေယာဉ်စီးခများကို သက်သက်သာသာနဲ့ စီစဉ်ပေးနေသော “Yore Oyster” ကုမ္ပဏီတည်ထောင်သူ “ဂျော်ဒန်ဘီးရှော့” က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်ကို Forbes မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
 
ဂျာကာတာရဲ့ အပူချိန်ဟာ ၉၀ ဒီဂရီလောက်ရှိနေတာကြောင့် ဘောင်းဘီတိုဝတ်ဆင်ခဲ့ပြီး ညနေ ၄ နာရီမှာ ထွက်ခွာမယ့်လေယာဉ်ကို လေဆိပ်ထဲမှာ နေ့လည် ၂ နာရီလောက်ထဲကနေ စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ လေကြောင်းလိုင်းမှ ခရီးသည်များ တက်နိုင်ကြောင်း ကြေညာချက်ကြောင့် အခြားခရီးသည်များနည်းတူ တန်းစီနေချိန်တွင် လုံခြုံရေးများက သူ့ကို အထူးအဆန်းသဖွယ်ကြည့်နေကြကြောင်း၊ အဲဒီနောက် ကောင်တာအရောက်တွင် ဘောင်းဘီတို ဝတ်ဆင်ထားသဖြင့် တက်ခွင့်မပြုနိုင်ကြောင်း တားမြစ်ခံခဲ့ရသည်။
 
 
သူမှာခရီးဆောင်အိပ်လည်း မသယ်လာသဖြင့် လဲပေးစရာမရှိကြောင်း ပြောပေမယ့်လည်း လေကြောင်းလိုင်းက လက်မခံခဲ့ပါဘူး။ သူ့အနေနဲ့ ကမ္ဘာအနှံခရီးသွားနေသူမို့ ဒီအဖြစ်ပျက်ဟာ သူ့အတွက် ထူးဆန်းလို့နေပါတယ်၊ လေကြောင်းလိုင်း တာဝန်ရှိသူက ဆော်ဒီလေကြောင်းလိုင်း စီးနင်းသူတွေအတွက် အဝတ်အစားသတ်မှတ်ချက်ကို ဝဘ်ဆိုက်မှာ ညွှန်ကြားထာကြောင်း ပြောဆိုခဲ့ပါတယ်။ 
ညွှန်ကြားချက်မှာ ခရီးသည်များအား အများသူငှာအသုံးပြုသော နေရာများတွင် တစ်ဦးနဲ့တစ်ဦး လေးစားသည့်အနေနဲ့ အဝတ်အစားများကို သတိထားပေးကြရန် မေတ္တာရပ်ခံထားပြီး သတ်မှတ်ချက်များနဲ့ ဖော်ပြထားပါတယ်။
 
 
ဆော်ဒီလေကြောင်းလိုင်းဟာ နိုင်ငံတစ်ကာကို ပျံသန်းနေပေမယ့်လည်း ရှေးရိုးဆန်သော ဘာသာရေးကျင့်ထုံးများကို လိုက်နာနေရဆဲဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ ဥပဒေအရ လူကြားထဲသွားမယ်ဆိုရင် လုံလုံခြုံခြုံ (အထူးသဖြင့် အမျိုးသမီးများ) ဝတ်ဆင်ဖို့ ဥပဒေပြဌါန်းထားပါတယ်။
“ဘီးရှော့” က လေဆိပ်ထဲက ဆိုင်တစ်ဆိုင်မှာ ချည်လုံချည် တစ်ထည် အမြန်သွားဝယ်ပြီး ခါးကနေ ပတ်လိုက်တော့မှ ကောင်တာက လေယာဉ်ပေါ်တက်ဖို့ ခွင့်ပြုလိုက်ပါတယ်။
 
လေယာဉ်ပေါ်ရောက်တဲ့ အခါမှာတော့ လေယာဉ်အမှူထမ်းအချို့ သူဆီလာက အဖြစ်အပျက်အတွက် တောင်းပန်ကြပြီး ဒါဟာ ခရီးသည်ရဲ့ အမှားမဟုတ်ပဲ လေကြောင်းလိုင်းအနေနဲ့ အများသူငှာနေရာမှာ လုံခြုံအောင် အရှည်ဝတ်ရမည်ဟု ပြဌါန်းထားခြင်းကြောင်းသာဖြစ်ကြောင်း လာရောက်ရှင်းပြ တောင်းပန်ခဲ့တယ်လို့ အဖြစ်ပျက်ကို ပြန်လည် ပြောပြခဲ့ပါတယ်။

11 Oct 2018     1,330 Views




RELATED

Most Popular of International News

Most Popular of NEWS