BEC-TERO TV

Master Chef ပြိုင်ပွဲဝင်တွေကို မနှိမ်ဖို့ ဒိုင်လူကြီး ဒေါ်ဖြူဖြူတင် သတိပေးခံရ

11 Oct 2018     1,608 Views


MRTV 4 ရုပ်သံလိုင်းကနေ ပြသနေတဲ့ အစားအသောက် အချက်အပြုတ်ပြိုင်ပွဲ “Master Chef” အစီစဉ်မှာ ဒိုင်လူကြီးတစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဒေါ်ဖြူဖြူတင် အနေနဲ့ ပြိုင်ပွဲဝင်တွေကို ပြောဆိုဆက်ခံတဲ့အခါ ကိုယ့်အိမ်က အိမ်ဖော်တွေကို ပြောဆိုသလို မဆက်ဆံဖို့ သတိပေးလိုက်ပါတယ်။
 
မြန်မာ ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ €RR0R အဖွဲ့က လက်တလောမှာတော့ ဒေါ်ဖြူဖြူတင်ရဲ့ လူမှုကွန်ယက်အကောင့်ကို ထိန်းချုပ်ထားလိုက်ပြီး သတိပေးစကား တင်ထားတာဖြစ်ပါတယ်။
 
 
Controlled By .........€RR0R
ဒိုင်တစ်ယောက်အနေနဲ့
ပြိုင်ပွဲဝင်တွေအပေါ်ဆက်ဆံတာ
ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ် ဒေါ်ဖြူဖြူတင်
International ပြိုင်ပွဲတွေ နဲ့ မနှိုင်းပါ နဲ့
ဗုဒ္ဓဘာသာ မြန်မာ နိုင်ငံတော် ပါ
ငါ သာ သူ့ နေရာ မှာ ဆို တဲ့ ခံစားချက်လေး ရှိပေးပါ
နောက်နောင် ပြိုင်ပွဲဝင်တွေ အပေါ်နှိမ်ချ ဆက်ဆံတာမျိုး မလုပ်ပါနဲ့ ဒေါ်ဖြုဖြူတင်
ပြိုင်ပွဲဝင်တွေက ခင်ဗျားအိမ်က ကျွန်တွေ မဟုတ်
အတော်ဆုံး အထူးချွန်ဆုံးရွေးတာ / ကျွန်ရွေးတာ မဟုတ်
Thz......
 
အခုသတင်းရေးနေချိန်ထိ ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး နောက်ထပ်လာမည့် Episode များရဲ့ ကွန်မန့်တွေပေါ်မှာ သုံးသပ်ပြီးမှ ပြန်ပေးမလား၊ ဘယ်လို ဆက်လုပ်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။
 
 
Master Chef အစီစဉ်ဟာ မူရင်းနိုင်ငံခြားက အစီအစဉ်ကို ဝယ်ယူပြီး သတ်မှတ်ထားတဲ့ စည်းမျည်းတွေ၊ ဇာတ်ညွှန်းတွေနဲ့ လုပ်ကိုင်ရတယ်လို့ ဒေါ်ဖြူဖြူတင်က မန္တလေးFM နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဒီအစီစဉ်မှာ ဒိုင်တွေက ဗီလိန်တွေဖြစ်ပြီး ပြိုင်ပွဲဝင်တွေက မင်းသားမင်းသမီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့အမုန်းခံရလေလေ ပြိုင်ပွဲဝင်တွေ မတော်လို့ ထွက်ရတယ်လို့ ပရိသတ်က မသတ်မှတ်ပဲ Master Chef က ခက်တာကြောင့် ထွက်ရတယ်လို့ပဲ သတ်မှတ်ကြတာဖြစ်လို့ ထွက်သွားရတဲ့ ပြိုင်ပွဲဝင်တွေအတွက် ရလဒ်ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ 
 
 
လာမယ့် Master Chef Episode တွေမှာ ဒိုင်တွေ ဗီလိန်ဆက်လုပ်ကြဦးမလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရဦးမှာပါ။
 

11 Oct 2018     1,608 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS