BEC-TERO TV

Ballon d’Or ဆုရရန်အတွက် ရီးရဲမက်ထရစ် သို့ ပြောင်းရွေ့ချင်ကြောင်း ဟာဇတ် ဖွင့်ဟ

12 Oct 2018     1,451 Views


ချလ်ဆီးနှင့် ဘယ်ဂျီယံကြယ်ပွင့် ကစားသမား အီဒင်ဟာဇတ်က Ballon d’or ကိုရယူချင်ပါက မိမိအနေဖြင့် စပိန်ထိပ်သီးကလပ် သို့ပြောင်းရွေ့ဖိုလိုအပ်  ကြောင်းပြောကြားခဲ့ပါတယ်။ အကယ်လို့ပြောင်းရွေ့လိုပါက လာမည့် ဇန်နဝါရီ အပြောင်းအရွမှသာ ပြောင်းရွေ့ရမယ်ဖြစ်ပြီး လက်ရှိမှာ ချလ်ဆီး အသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ခန့် ကျန်ရှိနေတာဖြစ်ပြီး ချလ်ဆီးအသင်းက ထွက်ခွာခွင့်ပြုမှသာ ဟာဇတ်အနေဖြင့် ဘာနေဗျူး သို့ပြောင်းရွေ့ခွင့်ရမည်ဖြစ်ပါတယ်။

အပြောင်းအရွေ့နှင့်ပါတ်သတ်ပြီ ဟာဇတ်က “ကျွန်တော် ရီးရဲမက်ထရစ်ကို တစ်ကယ်ပြောင်းချင်ပါတယ် ၊ ရီးရဲမက်ထရစ် မှာ ကစားဖို့အတွက် က ငယ်ဘဝ ရဲအိမ်မက်ဖြစ်ပြီး နောက်ဆုံး ဆယ်စု နှစ်တစ်ခုလုံးကို လည်း Ballon d’or ဆုကို စပိန်ကလပ်တွေကပဲ ရယူထားနိုင်ခဲ့တာပါ ၊ ဒါကြောင့် ကမ္ဘာ့အကာင်းဆုံးသမားဖြစ်လာဖို့ အတွက် စပိန်သို့ ပြောင်းရွေ့ကစားချင်ကြောင်း ” ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီမှာ ပြောင်းရွေ့ဖြစ် မရွေ့ဖြစ် နဲပါတ်သတ်ပြီး မီဒီယာများ၏ မေးမြန်းချက်ကို ဟာဇတ်က “ ဒါကတော့No ပါ ” လို့ပြောကြားခဲ့ပါတယ်။

ဟာဇတ်ကတာ  ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၈ ဂိုးအထိသွင်းယူထားနိုင်ပြီး အမ္ဘာ့ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြသနိုင်ဖို့လိုအပ်နေပါတယ်။

 


12 Oct 2018     1,451 Views




RELATED

Most Popular of Football

Most Popular of Sport