BEC-TERO TV

အိန္ဒိယလေကြောင်း လေယာဉ်တစ်စီး ပျံတက်စဉ် လေဆိပ်နံရံနဲ့ ပွတ်ကာ ဗိုက်ကွဲ

12 Oct 2018     1,316 Views


အောက်တိုဘာလ ၁၁ ရက် ကြာဿပတေးနေ့က ခရီးသည် ၁၃၀ တင်ဆောင်ထားသော အိန္ဒိယလေကြောင်းလိုင်း လေယာဉ်တစ်စီးဟာ အိန္ဒိယနိုင်ငံ ထရစ်ကီ မှ ဒူဘိုင်းသို့ ထွက်ခွာရန် ပျံတက်စဉ် လေကြောင်းထိမ်းချုပ်ရေး လေဆိပ်အုတ်နံရံနဲ့ ပွတ်တိုက်မှုကြောင့် လေယာဉ်ဝမ်းဗိုက် ကွဲသွားခဲ့ပြီး မွန်ဘိုင်းလေဆိပ်တွင် ပြန်လည်ဆင်းသက်ခဲ့ရမှုဖြစ်ပွားခဲ့သည်။
 
 
ဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပါ။ လေယာဉ်မှူးနဲ့ အကူလေယာဉ်မှူးတို့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်  လေကြောင်းထိန်းသိမ်းရေး ဝန်ကြီးမှ အမိန့်ထုတ်ပြန်ကြေညာခဲ့သည်။
 
 
အိန္ဒိယလောကြာင်းလိုင်း Air India ၏ ထုတ်ပြန်ချက်မှာ “လေကြောင်းအမှတ် IX 611 ဟာ ထရစ်ကီလေဆိပ်မှ ဒူဘိုင်းသို့ နံနက် ၁ နာရီခွဲ အချိန်တွင် ပျံသန်းခဲ့ကြောင်း၊ လေယာဉ်ကွင်းမှ တာဝန်ရှိသူများက လေယာဉ်ဟာ လေဆိပ်နံရံကို တိုက်မိသွားတယ်လို့ သိတာနဲ့ ချက်ခြင်း လေယာဉ်မှူးကို ဆက်သွယ်ခဲ့ကြောင်း၊ လေယာဉ်မှူးက သူ့ရဲ့ထိန်းချုပ်ခန်းထဲက စနစ်တွေအားလုံး ပုံမှန်အလုပ်လုပ်ကြောင်း ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မွန်းဘိုင်းလေဆိပ်ကို ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး နံနက် ၅ နာရီ ၃၅ မိနစ်လောက်မှာ မွန်ဘိုင်းလေဆိပ်ကို ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့ပါတယ်၊ လေယာဉ်ပေါ်ပါ ခရီးသည် ၁၃၀ နဲ့ အမှူထမ်း ၆ ယောက်တို့ကိုလည်း အန္တရာယ်မရှိပဲ လေယာဉ်ပေါ်ကနေ ပြောင်းရွေ့နိုင်ခဲ့ပါတယ်” လို့ ဖော်ပြခဲ့သည်။
 
 
လေယာဉ်မောင်နှင်ခဲ့သူ လေယာဉ်မှူး D. Ganesh Babu မှာ B 737 လေယာဉ်မောင်းအတွေ့အကြုံ နာရီပေါင်း ၃၆၀၀ ရှိပြီး အဲဒီအချိန်တွေထဲက နာရီ ၅၀၀ လောက်က တပ်မှူးအနေနဲ့ မောင်းနှင်ခဲ့တာပါ။ လက်ထောက်လေယာဉ်မှူး Anurag ကတော့ B 737 နဲ့ နာရီ ၃,၀၀၀ အတွေ့အကြုံရှိသူတွေဖြစ်ကြပါတယ်။ လက်ရှိမှာတော့ လေယာဉ်မှူးနှစ်ဦးစလုံးကို စစ်ဆေးနေတဲ့အတွက် တာဝန်အချိန်ဇယား ချထားပေးခြင်းမရှိသေးကြောင်း အိန္ဒိယတိုင်းမ်စ် သတင်းတွင် ဖော်ပြပါရှိသည်။
 

12 Oct 2018     1,316 Views




RELATED

Most Popular of International News

Most Popular of NEWS