BEC-TERO TV

ဖြစ်ပျက်နေတာတွေကို Live လွှင့်ပြီးဖြေရှင်းလိုက်တဲ့ အုပ်စိုးခန့်

12 Oct 2018     1,319 Views


လတ်တလော နာမည်ကြီးနေတဲ့ အုပ်စိုးခန့်နဲ့ ဟိန်းမင်းသူ ကိစ္စနဲ့ပတ်သတ်ပြီး တက်သစ်စ အဆိုတော်လေး အုပ်စိုးခန့်ဟာ သူ့ရဲ့ ဖေ့ဘွတ်ခ် အကောင့်မှာ Live လွှင့်ပြီးဖြေရှင်းခဲ့ပါတယ်။

“ကျွန်တော်အခုမှကျောင်းမှပြန်လာတာပါ ခဏပင်ပန်းလို့နားနေတာ။ ခုတလောစာမေးပွဲ ဖြေထားတာမို့ အရမ်းပင်ပန်းနေပါတယ်။ ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲ ကျွန်တော်က မြန်မာစကားက မကြွယ်ဝတော”့  လို့ပြောတော့ အုပ်စိုးခန့်ရဲ့ မိခင်ဖြစ်သူက “အမလေး ငပိစားပြီးကြီးလာတာများ” လို့ပြောပြီး သားဖြစ်သူကို စနောက်ပြောဆိုခဲ့ပါတယ်။ မြန်မာလိုကြွယ်ဝအောင်ပြောလို့သားဖြစ်သူကို ချစ်စနိုးနဲ့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

 

“အားလုံးပဲ မင်္ဂလာပါ ကျွန်တော့် ပရိတ်သတ်တွေပဲ ကျွန်တော့်ခေါင်းထဲမှာရှိတယ်။ စာတွေပဲလုပ်နေရတယ်။ မနက်ကမှ လောလောလတ်လတ်စာမေးပွဲဖြေလာတာ ရုပ်ကိုလဲ ကြည့်ပါဦး ဂါနေတာပဲ။  ကျွန်တော် သတင်းကောင်းရှိပါတယ်။ ကျွန်တော့် အယ်လ်ဘမ်က နောက်လထွက်မှာပါ။ ပြီးတော့ ၁၁ လပိုင်းကုန်လောက် ထွက်ဖြစ်ပါမယ်။ ကျွန်တော့်ပရိတ်သတ်တွေကိုအရမ်းချစ်ပါတယ်။ ကျွန်တော့် followers လေးတွေကိုလဲချစ်ပါတယ်။ အယ်လ်ဘမ်ထွက်ရင်အားပေးကြပါ” လို့ပြောပါသေးတယ်။ ပြီးတော့ သူ့ရဲ့ သူငယ်ချင်းများနဲ့ Video call ခေါ်ရင်း Live  လွှင့်ခဲ့ပါတယ်။

 သူငယ်ချင်းများက အုပ်စိုးခန့်ကို စနောက်ရင်း အားပေးစကားများပြောခဲ့ကြပါတယ်။ အခုလတ်တလောထွက်နေတဲ့ သတင်းများနဲ့ပတ်သတ်ပြီး အုပ်စိုးခန့်ကို စိတ်ဓာတ်မကျ ဖို့ နဲ့ ကိုယ်မှန်ရင် ဂရုမစိုက်ဖို့ သူငယ်ချင်းများက သူ့ကိုအားပေးခဲ့ကြပါတယ်။

“မင်းယောင်္ကျားစစ်မစစ်ဆိုတာ ငါတို့အသိဆုံး ဘာမှ အားငယ်စရာမလိုဘူး သားကြီး” လို့ အုပ်စိုးခန့်ရဲ့ သူငယ်ချင်းတစ်ဦးမှပြောပါတယ်။

“လူတွေက မင်းအပြစ်မရှိရင်တောင် အပြစ်က ရှာပြီးပြောနေမှာပဲ ဒါပေမဲ့ မင်းမှာအပြစ်မှမရှိပဲ ဘာမှ responsibility ဆိုတာ ယူစရာအကြောင်းမှမရှိပဲကွာ။ မင်းကိုတိုက်ခိုက်မယ့်လူကအမြဲရှိနေမှာပဲ။ ချစ်တဲ့လူရှိသလို မုန်းတဲ့လူကလဲ ရှိမှာပါပဲ။ မင်း အယ်လ်ဘမ် အတွက်ပဲ အာရုံစိုက်ပါကွာ။ ဒီကိစ္စက တစ်နေ့ကျရင် ဖြေရှင်းနိုင်လိမ့်မယ်” လို့ သူငယ်ချင်းဖြစ်သူက အားပေးစကားပြောခဲ့ပါတယ်။

သူငယ်ချင်းများနဲ့ video call အပြီးမှာ အုပ်စိုးခန့်က “ကျွန်တော်ပြောစရာတော့ဘာမှမ ရှိတော့ပါဘူး။ အခုတလော စိတ်ရော လူရော အရမ်းတွေပင်ပန်းနေပါတယ်။ စာမေးပွဲဖြေနေတော့ ပင်ပန်းနေတာပါ။စာမေးပွဲပြီးတာနဲ့ အယ်လ်ဘမ်အတွက်ပဲ အာရုံစိုက်ပါတော့မယ်။ ခု ပရိတ်သတ်တွေရှေ့မှာပဲ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော် Video call ပြောခဲ့ပါတယ်။ သူတို့လေးတွေကကျွန်တော့်ရဲ့ စိတ်ထွက်ပေါက်တစ်ခုပါ။ အခုကျွန်တော်သွားတော့မယ်။ uniform တောင်မလဲသေးဘူး။ ရေချိုးလိုက်ဦးမယ်။”လို့ပြောဆိုပြီး Live video ကိုအဆုံးသတ်ကာ နှုတ်ဆက်ထွက်ခွာသွားပါတယ်။


12 Oct 2018     1,319 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS