BEC-TERO TV

လွဲမှားနေသော ခံတွင်း သန့်ရှင်းရေး စနစ်များ

12 Oct 2018     1,337 Views


၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း
 
မကြာခဏ သွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့် သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ခါတိုက် လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။
 
၂. သွားတိုက်စဉ် ကြမ်းတမ်းစွာ ဖိ တိုက်ခြင်း
 
ယင်းကဲ့သို့ဖိတိုက်ခြင်း က သွားတွေ ပိုဖြူလာမည်ဟု ယူဆမထားသင့်ပါ။ ဖြူလည်း မဖြူ လာနိုင်ပါ။ ဒါပေမယ့် ယင်းကဲ့သို့ ဖိတိုက်ခြင်းအားဖြင့် သွားဖုံးများ၊ သွားအပေါ်ယံကြွေလွှာများ စားသွား ကာ သွားပိုး ပိုစားနိုင်ပါ တယ်။
 
၃.စားပြီးပြီးချင်းသွားတိုက်ခြင်း
 
အစားစားပြီးပြီးချင်း လူအများစုက သွားတိုက်လေ့ရှိပါတယ်။ ဒါက တော်တော်ကို လွဲနေတဲ့အမှားကြီးပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သွားကို ပိုမိုထိခိုက် ဒဏ်ရာရစေပါ တယ်။ အစာစားပြီးပြီးချင်း အစာထဲ မှာ ပါလာတဲ့ အက်ဆစ်တွေက သင့်ရဲ့ အပေါ်ယံကြွေလွှာကို အားနည်းစေပါတယ်။ ဒါကြောင့်စားပြီးနောက် မိနစ် ၃၀ လောက်ထားပြီး တံတွေးနဲ့ အစာထဲက အက်ဆစ် တွေကို ဓာတ် ပြယ်စေပြီးမှ သွားတိုက်သင့် ပါတယ်။
 
၄.သွားရဲ့မျက်နှာပြင်အားလုံး သွား မတိုက်ခြင်း
 
သွားတိုက်ရာမှာ အချို့က ဝါးစားတဲ့အခြမ်းကိုသာ တိုက်လေ့ရှိ ပါတယ်။ ဒါပေမယ့် အစာတွေက ဝါးတဲ့ ဘက်မှာ သာမက အခြား အတွင်း အပြင်တွေ မှာလည်း ကပ်နေပြီး သွားပိုးစားနိုင်တဲ့အတွက် သွားရဲ့ မျက်နှာပြင်အားလုံးကို တိုက်ဖို့ မမေ့သင့်ပါဘူး။
 
၅.သွားတိုက်ရာမှာ လျှာကို လျစ်လျူ ရှုမထားသင့်ပါဘူး။
အကြောင်းက လျှာကလည်း ဘက်တီးရီးယားတွေ ပေါက်ပွားတဲ့ နေရာတစ်ခု ဖြစ်လို့ပါပဲ။
 
၆.မိမိနဲ့သင့်တော်တဲ့ သွားပွတ်တံ မရွေး မိခြင်း
 
သင့်တော်တဲ့ သွားပွတ်တံ တစ်ခုမှာ သင့်တော်တဲ့အရွယ်အစားနဲ့ သင့်တင့်တဲ့နူးညံ့မှုရှိဖို့လိုပါတယ်။
 
၇. သွားပွတ်တံကို သေချာစွာ ဆေးကြောမှု၊ အခြောက်ခံမှု မလုပ်ခြင်း
 
၈. သွားပွတ်တံကို မလဲဘဲ အသုံးပြုခြင်း
 
ပုံမှန်အားဖြင့် သွားပွတ်တံ တစ်ချောင်းဟာ သုံးလတစ်ကြိမ် လဲလှယ်သင့်ပါတယ်။
 
၉.အာလုပ် မကျင်းခြင်း
 
လူအများစုက စားပြီး သောက် ပြီးရင် အာလုပ်ကျင်းဖို့ သတိမရတတ်ပါဘူး။ အာလုပ်ကျင်းခြင်းအားဖြင့် အစားအကြွင်းအကျန် တွေကို ဖယ်စေရုံသာမက ကြွေလွှာတွေကို ပျက်စီးစေနိုင်တဲ့အက်ဆစ်ဓာတ် ပြင်း ထန်မှုကိုပါ လျော့နည်းစေပါတယ်။
 
၁၀. သွားဆရာဝန်နှင့် ပုံမှန် မစစ် ဆေးခြင်း
 
စတဲ့လွဲမှားနေတဲ့ခံတွင်းသန့် ရှင်းရေး ဆိုင်ရာအချက်များကို ရှောင်ကျဉ်သင့် ပါတယ်။

12 Oct 2018     1,337 Views




RELATED

Most Popular of Health Fix

Most Popular of Life Style