BEC-TERO TV

ဖိုက်တာကြီး မေဝယ်သာကို စိန်ခေါ်လိုက်တဲ့ UFC လိုက်ဝိတ် ချန်ပီယံ ခါဘီ

15 Oct 2018     1,504 Views


UFC လိုက်ဝိတ် ချန်ပီယံ ရုရှား နိုင်ငံသား ခါဘီ ကတော့ သူ့အပေါ် ဝေဖန်ထားတဲ့ ဖိုက်တာဟောင်းကြီး မေ၀ဲသာကို ထိုးသတ်ဖို့ စိန်ခေါ် လိုက်ပြီ ဖြစ်ပါတယ်။အသက် ၃၀ အရွယ် ရှိပြီး ဖြစ်တဲ့ ရှာရှားနိင်ငံသား ခါဘီ ဟာ မကြာသေးမှီ အချိန်က  UFC လောကရဲ့ လက်ဝှ့အကျော်အမော် ကော်နာ မက်ဂရီကော်  ကို ထိုးသတ် အနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ ကော်နာ ၏ အပြုအမူတစ်ချို့ကြောင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီး ခါဘီရဲ့အဖွဲဟာ မက်ကော်နာဝင်ထိုးကြရင်း  ပြသာနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

ယင်းဖြစ်ရပ်ကြောင့် အဲဒီ အတွက်ကြောင့် ကောင်းကောင်း အပြစ်ပေးခံ ရမှာသေချာ ပါတယ် ။ ကျွန်တော်လက်ဝှေ့ ထိုးခဲ့တုန်းကလည်း ဇတ်ဂျူဒါ့ နဲ့ ပွဲ မှာ ရန်ပွဲတွေဖြစ် ခဲ့ ဖူး ပါတယ် ။ အဲ့အတွက် ဒဏ်တပ်ခံ ခဲ့ဖူးပါတယ် ။ အခု သူက စည်းအပြင်အထိထွက် ထိုးခဲ့တာပါ ။ ကျွန်တော့အထင် မမှားရင်တော့ ပွဲစဉ် ၇ ပွဲ လောက် အထိကနေ ခါးပတ် အသိမ်းခံရလောက် တဲ့အထိ ဖြစ်သွားနိုင် ပါတယ်” လို့ မေ၀ဲသာက ပြောဆိုသွားခဲ့ ပါတယ် ။ တစ်ကယ်ရုပ်ဆိုး အကျဉ်းတန်တဲ့ မြင်ကွင်း ပါလို့လည်း ဝေဖန်ခဲ့ပါတယ်။

အခုလို ဝေဖန်မှုနှင့်ပါတ်သတ်ပြီး  ခါဘီက သတင်းထောက် တွေနဲ့ တွေဆုံမှုမှာ  ” မင်းလည်း ပွဲ ၅၀ ရှုံးပွဲမရှိခဲ့သလို့ ၊ ငါလည်း ၂၇ ပွဲထိုးသတ်ခဲ့ရမှာ ရှုံးပွဲမရှိခဲ့ပါဘူး ။ ဒါကြောင့် ငါတို့ ဖိုက်တာနှစ်ယောက် ထိုးကြမယ်လေ ”

“ တောထဲ့မှာတောင် ဘုရင်ဆို့တာ ၊ ခြင်္သေ့  တစ်ကောင် ပဲရှိတာပဲ မဟုတ်လား ”

“ အခုကတော့ ငါကဘုရင်ကြီးပါ ၊ မင်းက မက်ဂရီကော်ကိုတောင် လွယ်လွယ်အနိုင်ယူမပြနိုင်ခဲ့ဘူးမလား ။ ငါကတော့ အေးအေးဆေးဆေး ပဲ အနိုင်ယူပြထားနိုင်ခဲ့တာလေ ” လို့ပြောကြားခဲ့ပါတယ်။

မေဝယ်သာ နဲ့ ခါဘီ တို့သာပွဲဖြစ်သာလာခဲ့ပါက လက်ဝှေ့ ပရိတ်သတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာ ကျိန်းသေပါတယ်။

 


15 Oct 2018     1,504 Views




RELATED

Most Popular of Boxing

Most Popular of NEWS