BEC-TERO TV

facebook မှာ တားမြစ်ထားတဲ့ စိတ်ဝင်စားဖွယ် အရာ ၈ ခု

15 Oct 2018     1,350 Views


1. Poor Parenting
သင့်အနေနဲ့ သင့်သားငယ် အရက်ဘီယာ သောက်နေတာကို လူတကာမြင်စေဖို့ ဖေ့စ်ဘုခ်မှာ တင်ခဲ့ရင် သင့်အကောင့်ကို facebook က ပိတ်ပစ်လိုက်နိုင်ပါတယ် ။ ဘာလို့လည်းဆိုတော့ သင့်ရဲ. ဒီအပြုအမူဟာ ကလေးငယ်တွေနဲ့ ပတ်သတ်ပြီး မသင့်တော်တဲ့ အပြုအမူကို သင်ပြုမိလို့ပါပဲ။
 
2. Unintentional Inappropriate Photos
ဖေ့စ်ဘုခ်အနေနဲ့ အခုလိုမျိုး ဘာမှန်းသေသေချာချာ မသိရတဲ့ ပုံရိပ်မျိုးတွေကိုလည်း ညစ်ညမ်းဓါတ်ပုံလို့ ယူဆပြီး ပိတ်ပင်ပစ်လေ့ရှိပါတယ်။
 
3. Being Mark Zuckerberg
အကယ်၍များ သင့်နာမည်ဟာ Mark Zuckerberg လို့ သင့်မိဘတွေက ပေးထားရင်တောင် ဒီနာမည်ကို ဖေ့စ်ဘုခ်မှာ အသုံးပြုခွင့်ရမှာ မဟုတ်ပါဘူး ။ ဒီနာမည်ကို အသုံးပြုခွင့်ရဖို့ဆိုရင်တော့ သင့်အနေနဲ့ သင်ဟာ အမှန်တကယ်ဖြစ်ကြောင်း အထောက်အထားတွေ အဆင့်ဆင့်ပေးပို့ရမှာ ဖြစ်ပါတယ် ။ ဘာလို့ကန့်သတ်ထားလည်းဆိုတော့ ရိုးရှင်းပါတယ် ၊ Facebook CEO နဲ့ လူတွေကမှားပြီး friend request တွေ ပို့ကြမှာ စိုးလို့ပါတဲ့။
 
4. Spamming Friend Requests
သင်ဟာ ဖေ့စ်ဘုခ်မှာ ရေပန်းစားလာပြီး ၊ သင့်ကို သူငယ်ချင်းအဖြစ် လာ add သူများလာရင် သင့်အကောင့်ကို ဖေ့စ်ဘုခ်က ပိတ်ပစ်လိုက်နိုင်ပါတယ် ။ ဒါကြောင့်မို့ အောင်မြင်သူတွေဟာ Facebook Pages ကို အသုံးရတာပါ။
 
5. Spamming Groups
Facebook Group တွေဟာ အသုံးချတက်မယ်ဆို အသုံးချတက်သလို အကျိုးရှိပါတယ် ၊ ဒါပေမယ့်လည်း သင်ဟာ တွေ့သမျှ Group တိုင်းကို request ပို့နေမယ်ဆိုရင်တော့ သင့်အကောင့်ဟာ spamming လုပ်တယ်ဆိုပြီး ပြသာနာရှိလာနိုင်ပါတယ်။
 
6. Being Too Old
Facebook ကို အသုံးပြုဖို့ အနည်းဆုံး အသက် ၁၃ ရှိရမယ်ဆိုတာ လူတိုင်းသိပြီးသားပါ ၊ ဒါပေမယ့် ဖေ့စ်ဘုခ်ကို အသက်အကြီးဆုံး ဘယ်လောက်ထိ သုံးနိုင်တယ်ဆိုတာကို သင်မသိလောက်ပါဘူး ။ ဟုတ်ကဲ့ အသက် ၉၉ နှစ်ထက်ကြီးသူတွေဟာ ဖေ့စ်ဘုခ်ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး ၊ ဘာလို့လည်းဆိုတော့ သင့်မွေးနေ့သက္ကရာဇ် ရွေးချယ်ရာမှာ ဒီအသက်ထက်ကြီးတဲ့ ခုနှစ်ကို ရွေးချယ်လို့ မရပါဘူး ။ တကယ်လို့များ သင်အသက်လိမ်ထားမှန်း ဖေ့စ်ဘုခ်ကသိသွားရင်လည်း သင့်အကောင့်ကို banned ပစ်မှာပါ။
 
7. Spamming Status Updates
ဖေ့စ်ဘုခ်မှာ status တွေ အဆက်မပြတ်တင်နေတာမျိုးဆို သေချာပေါက် သင့်အကောင့် ပြသာနာတက်နိုင်ပါတယ်။
 
8. Showing Breastfeeding
ဒီကိစ္စဟာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခုပါပဲ ၊ ကလေးနို့တိုက်တဲ့ ပုံတွေ တင်ခြင်းဟာ သဘာဝကိစ္စဖြစ်ပြီး
 
ဒါကို တားမြစ်ပိတ်ပင်လို့ ကလေးအမေပေါင်းများစွာ ဒေါသဖြစ်ကြရပါတယ် ။ ကလေးနို့တိုက်တဲ့ ပုံရိပ်တွေကို facebook moderators တွေက nudity ခေါင်းစဉ်နဲ့ ပိတ်ပစ်လေ့ ရှိပါတယ်။ ထူးထူးခြားခြားပါပဲ။
 

15 Oct 2018     1,350 Views




RELATED

Most Popular of Special or Others

Most Popular of Life Style