BEC-TERO TV

ဖာဘရီဂတ်စ် စိတ်ဝင်စားနေသည့် အက်သလက်တီကို

15 Oct 2018     1,260 Views


စပိန်ထိပ်သီးကလပ်တစ်သင်း ဖြစ်တဲ့ အက်သလက်တီကို အသင်းဟာ ချလ်ဆီးကွင်းလယ်ကစားသမား  ဖာဘရီဂတ်စ် အားစိတ်ဝင်စားနေကြောင်းသိရပါတယ် ။ဖာဘရီဂတ်ဟာ ဒီရာသီမှာ ချလ်ဆီးအသင်းနှင့် စာချုပ်ကုန်ဆုံးမယ်ဖြစ်ပြီး ချလ်ဆီးအသင်းနှင့် စာချုပ်ထပ်တိုးဖို့လိုလားနေတာဖြစ်ပါတယ်။ အသက် ၃၁ အရွယ် ရှိ ဖာဘရီဂတ်ဟာ ဒီရာသီမှာ ကွင်းလယ်ကစားသမား ဂျာဂျင်ဟို ၊ ကိုဗာချစ် တို့ရောက်လာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပွဲထွက်ခွင့်ရရှိဖို့အတွက် ချလ်ဆီးအသင်းမှ ထွက်ခွာဖို့ ရှိနေတာ လည်းဖြစ်ပါတယ်။

အက်သလက်တီကို အသင်းဟာ အသင်းမှ ဝါရင့် ကွင်းလယ် ကစားသမား ဂါဘီ ထွက်ခွာသွားပြီးနောက်ပိုင်း  ကွင်းလယ်ပိုင်းထိန်းကြောင်းရန်အတွက် ဝါရင့်ကွင်းလယ်ကစားသမားတစ်ဦးကို အလိုရှိနေတာဖြစ်ပါတယ်။

ဖာဘရီဂတ်ဟာ ချလ်ဆီအသင်းမှာ တိုက်စစ်ကစားသမား ဒီယေဂိုကော်စတာ နဲ့အတူ ခြေစွမ်ပြ ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 


15 Oct 2018     1,260 Views




RELATED

Most Popular of Football

Most Popular of Sport