BEC-TERO TV

လျော့မတွက်သင့်သည် အမျိုးသမီးတို့အတွက် ရင်သားကင်ဆာ

15 Oct 2018     16,649 Views


ရင်သားကင်ဆာ သည် အမျိုးသမီးများတွင် ဖြစ်လေ့ရှိပြီး  ရင်သားကင်ဆာနှင့်ပါတ်သတ်ပြီးလည်း ပေါင်းအမျိုးအမည် ပေါင်း တော်တော်များများရှိပါတယ် ။ ရင်သားကင်ဆာ ဟာ ဆယ်မိနစ်မှာ တစ်ခါ လောက် ကို ဖြစ်ပွားနေပြီး အမျိုးသမီး ၉ ဦးမှာ ၁ ဦး နှုန်းလောက်  ရှိနေတယ်လို့ လေ့လာဆန်းစစ်မှုအရ တွေ့ပါတယ်။

 

ရင်သားကင်ဆာ ဟာ အသက် ၅၀ အထက် အမျိုးသမီးကြီးများတွင် အဖြစ်များလေ့ရှိပြီး ဗြိတိန်နိုင်ငံတွင် ရင်သာကင်ဆာ နှင့်ပါတ်သတ်ပြီး နှစ်စဉ် လူဦးရေ ၁၃၀၀ ခန့် ကယ်တင်နိုင်ဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ အသက် ၅၀ ပတ်ဝန်းကျင်ကို သို့ရောက်ရှိလာပါက ရင်သားကင်ဆာနှင့် ပါတ်သတ်ပြီး စစ်ဆေးမှုပြုလုပ်သင့်ကြောင့် ကြေညာထားပါတယ်။

မိမိကိုယ်တိုင်ဘယ်လိုစစ်ဆေးရမလဲ ?

အမျိုးသမီး တွေရင်သားကင်ဆာ ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် မိမိကိုယ် မိမိ မကြာခဏ သေချာစစ်ဆေးသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်လကို တစ်ခါလောက် မိနစ် အနည်းငယ် အချိန်ပေးပြီး စစ်ဆေးသင့်ပါတယ်။ပထမဦးဆုံး မိမိ ရင်ကျောကို  မတ်မတ်ထားပြီး မိမိတို့၏ ရင်သားကို ညာဘက်လက်ဖြင့် ဖောင်းနေလား ၊ တင်းနေလား ၊ပြားချပ်နေလား ဆိုတာ အရင်စစ်ဆေး သင့်ပါတယ်။နောက်ထပ် ဘယ်ဘက်လက်ကို မြှောက်ထားပြီး မိမိရင်သား တစ်ဝိုက်မှစပြီး လက်မောင်း အစွန်နားထိ  ကိုင်တွယ်စေပြီး အနေအထားတစ်ခု ကိုစမ်းသပ်သင့်ပါတယ်။ အစိုင်အခဲ့ တစ်ခုအနေနဲ့ ရှိနေပြီဆိုရင် သင့်အနေနဲ့ အပေါ့ဆသင့်ပါ။

၁ )  နို့သီးခေါင်းက တင်းရင်းနေလား  ၊ ရောင်ရမ်းမှုဖြစ်နေလား

၂ )  ချိုင်းကြားနှင့် ရင်သား အကြား ဖိနှပ်ပြီး တစ်ရူးတွေကို ဖိပြီးစမ်းသပ်ခြင်း

၃ ) နာကျင်ခြင်း ရှိ / မရှိ

၎ ) အရွယ်အစား ပြောင်းလဲလာခြင်း

စသည့် တို့ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

 

ရင်သားကင်ဆာဖြစ်လာနိုင်သော အခြေအနေ

၁ ) အသက်အရွယ် အနေအထား ရလာချိန်

၂ )  မျိုးရိုးဗီဇ မှ ရင်သားကင်ဆာ ဖြစ်ပေါ်လားခြင်း ရှိ / မရှိ

၃ ) အရက် သောက်များခြင်း

၎ ) ရောဂါဟောင်း ပြန်ထလာတာ မျိုး

 စသည့်တို့သည့် ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခြေနေများပါတယ်။

 

ရင်သားကင်ဆာ ဖြစ်မလားစေဖို့ အတွက်ကြိုတင်ကာကွယ်သင့်သည့်အချက်များ

၁ ) ခန္ဒာကိုယ် ဝိတ်တတ်လာမှုကို ကာကွယ်ခြင်း

၂ )  ကိုယ်လက် လှုပ်ရှား လေ့ကျင်ခန်း မှန်မှန်လုပ်ပေးခြင်း

၃) အသီးအနှံများကို ပိုမိုစားသုံးပေးခြင်း

၎) အရက်အလွန့်အကျွန် သောက်သုံးခြင့် မပြုရ (မသောက်ရဖူးလို မဆိုလို့ ၊ limit ထားပြီးသောက်သုံးခြင်း)

၅ ) ဆေးလိပ်မသောက်ဖို့ ကိုတော့ အဓိကထား တားမြစ်ထားပါတယ်။

Ref Mirror

 


15 Oct 2018     16,649 Views




RELATED

Most Popular of Health Fix

Most Popular of Life Style