BEC-TERO TV

အင်္ကျီပေါ်က အစွန်းအထင်းတွေကိုဘယ်လိုချွတ်မလဲ

17 Oct 2018     3,230 Views


သင်အမြတ်တနိုး တန်ဖိုးထားရတဲ့ အကျီၤပေါ်မှာ တစ်စုံတစ်ရာစွန်းထင်းသွားလို့ စိတ်ညစ်နေပါသလား။ မညစ်ပါနဲ့ အကျီၤ အဝတ်အစားတွေပေါ်မှာစွန်းထင်းနေတဲ့ အရာတွေကိုဖယ်ရှားဖို့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။
 
 ကျွန်မတို့ နေ့စဉ်အသုံးပြုနေတဲ့အသုံးအဆောင် ပစ္စည်းတွေကို အသုံးချပြီး အစွန်းအထင်းတွေကိုချွတ်ကြည့်လို့ရပါတယ်။
 
၁။ အကျီၤမှာ ချွေးကွက်တွေစွန်းထင်းတဲ့အခါ

အင်္ကျီမှာ ချွေးကွက်တွေစွန်းထင်းတဲ့အခါ ရှောက်သီးကို နှစ်ခြမ်းခြမ်းကာ စွန်းထင်နေတဲ့နေရာကို ပွတ်တိုက်ပြီး ချွေးကွက်အစွန်းများကို ဖျောက်ပစ်နိုင် ပါတယ်။
 
၂။ နှုတ်ခမ်းနီ တွေပေကျံပြီး စွန်းထင်းသွားတဲ့အခါ

နှုတ်ခမ်းနီဆိုးရင်း မတော်တဆ အင်္ကျီမှာ ပေကျံသွားလို့ စိတ်ညစ်နေပါသလား?
 
ဒါကတော့ လွယ်လွယ်လေးပါ ပန်းကန်ဆေးတဲ့ ဆပ်ပြာရည်နဲ့ တိုက်ချွတ်ဆေးကြောလိုက်ရင် နှုတ်ခမ်းနီကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းအထင်းတွေ ကို အမြန်ဆုံးပျောက်သွားပါလိမ့်မယ်။
 
၃။ ဝိုင်နီစွန်းထင်းသွားတဲ့အခါ

ဝိုင်နီကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းအထင်းတွေကို ဝိုင်ဖြူကို အသုံးပြုပြီး တိုက်ချွတ်ဆေးကြောခြင်းအားဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။
 
၄။ ချောကလက် ရည် (သို့) ချောကလက် စွန်းထင်းတဲ့အခါ

ချောကလက်များ အင်္ကျီမှာစွန်းထင်းတဲ့အခါ ပန်းကန်ဆေး ဆပ်ပြာရည်ကို အသုံပြုနိုင်ပါတယ်။
 
၅။မင်တွေ စွန်းထင်းသွားတဲ့အခါ
 

အင်္ကျီမှာ မင်ပြာတွေစွန်းထင်းသွားတဲ့အခါ Hair spray ကိုအသုံးပြုပြီး မင်စွန်းများကို ချွတ်နိုင်ပါတယ်။
 
၆။ ကော်ဖီတွေ စွန်းထင်းတဲ့အခါ
 

အင်္ကျီ မှာကော်ဖီတွေမောက်ကျပြီး စွန်းထင်းသွားတဲ့အခါ ရှာလကာရည်ကို အသုံးပြုပြီး အစွန်းချွတ်နိုင်ပါတယ်။
 
၇။ သွေးစွန်းတဲ့အခါ

 

အင်္ကျီမှာသွေးစွန်းသွားတဲ့အခါ မြေဖြူကိုအသုံးပြုပြီး အစွန်းချွတ်နိုင်ပါတယ်။


17 Oct 2018     3,230 Views




RELATED

Most Popular of Special or Others

Most Popular of Life Style