BEC-TERO TV

မော်လမြိုင်တွင် ယာဉ်ထိန်းရဲကို ကားနဲ့ဝင်တိုက် သေနတ်နဲ့ပစ်သူအား ဖမ်းဆီးရမိ

17 Oct 2018     1,308 Views


မော်လမြိုင်မြို့တွင် ယာဉ်ထိန်းရဲကို ကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦးပါ ဒဏ်ရာရရှိခဲ့သော အမှုမှ ထွက်ပြေးတိမ်းရှောင်ခဲ့သူ နိုင်ပိုက်ထွေး ဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

နိုင်ပိုက်ထွေး မှာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ကော့တုံဌါနချုပ်မှ ဒုဗိုလ် အဆင့်ရှိသော တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဈေးကြိုအနီးတွင် လိုင်စင်မဲ့ယာဉ်ကို မောင်းနှင်လာစဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တားဆီးခဲ့ရာ ယာဉ်ကို ရပ်မပေးပဲ မောင်းပြေးခဲ့သည်။

အမှတ် (၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ် မျိုးဇော်ဦးနှင့် ရဲဒုတပ်ကြပ် သက်ကိုဦးတို့က ဆိုင်ကယ်ဖြင့် ကားနောက်သို့ လိုက်ခဲ့ကြီး မြိုင်သာယာရပ်ကွက် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်အရောက်၌ အဆိုပါယာဉ်ရှေ့တွင် ဆိုင်ကယ်ကို ရပ်တန့်လိုက်စဉ် လိုင်စင်မဲ့ယာဉ်မောင်းနှင်သူက ဆိုင်ကယ်နှင့် လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့သည်။

ယင်းကဲသို့ ဝင်တိုက်ခဲ့တာကြောင့် ယာဉ်ထိန်းရဲက “ခင်ဗျားဘယ်လိုလုပ်တာလဲ” ပြောလိုက်စဉ် သေနတ်ထုတ်ပြီး ပစ်ခဲ့တာကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ သေနတ်ထိမှန်ခဲ့သည်။

ထို့နောက် ယာဉ်မောင်းက သေနတ်ကို ရေမြောင်းအတွင်းပစ်ချကာ ကားကိုလည်း ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ သေနတ်၊ ကျည်ဆံနှင့် လိုင်စင်မဲ့ကားကို ထိန်းသိမ်းခဲ့ပြီးနောက် ကားအတွင်းဆက်လက်စစ်ဆေးခဲ့ရာ  စိတ်ကြွရူးသွပ်ဆေးပြား၂၀၀ ပြားပါ အထုပ် ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂,၀၀၀ ပြားကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူ နိုင်ပိုက်ထွေး (ခ) ဇော်မင်းဦးကို အောက်တိုဘာ ၁၇ ရက် ယနေ့နံနက် ၅ နာရီခွဲခန့်တွင် မြိုင်သာယာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း အ.မ.က ၁ နဲ့ စာတိုက်လမ်းထောင့်မှ ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေး က အတည်ပြုပြောကြားခဲ့သည်။


17 Oct 2018     1,308 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS