BEC-TERO TV

ကြည့်လိုက်တာနဲ့ ခရီးသွားချင်စိတ်တွေတဖွားဖွားဖြစ်ပေါ်လာစေသော ဇာတ်လမ်းတွဲများ

17 Oct 2018     1,584 Views


တစ်ယောက်တည်း တစ်ကိုယ်ရည်ခရီးထွက်ရင်းနဲ့ ကိုယ်မသိတဲ့ လူတစ်ယောက် ကိုယ်နဲ့ အကျွမ်းတဝင်မရှိလှတဲ့နေရာဒေသတစ်ခုမှာ တွေ့ဆုံတဲ့ အချစ်ဇာတ်လမ်းတွေဟာ ဆိုရင် အရမ်းကို စိတ်ကူးယဉ်ဆန်ပြီး အိမ်မက်တစ်ခုလိုပါပဲ။

ကိုးရီးယားကား တော်တော်များများမှာ ကြည့်ဖူးကြတယ်မဟုတ်လား။ မင်းသား နဲ့ မင်းသမီးက နိုင်ငံရပ်ခြား မှာတွေ့ပြီး တစ်ဦးနဲ့ တစ်ဦးမေတ္တာသက်ဝင်သွားကြတာမျိုး။ အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ နေရာဒေသ တစ်ခုမှာပေါ့။ အဲ့လို ဇာတ်ကားမျိုးကိုကြည့်မိတာနဲ့ ကိုယ်ပါ အဲ့နေရာကို ခရီးသွားချင်စိတ်တွေ တဖွားဖွားပေါ် လာတာမျိုး။ အဲ့လိုစိတ်မျိုးတွေဖြစ်ဖူးကြတယ်မဟုတ်လား။

စိတ်ကူးယဉ်ဆန်ပြီး နိုင်ငံရပ်ခြားဒေသတွေရဲ့ လူသိများတဲ့နေရာများမှာ ရိုက်ကူးခဲ့ကြတဲ့ ကိုးရီးယား ဇာတ်လမ်းတွဲများနဲ့ မိတ်ဆက်ပေးပါရစေ။

၁။ Lovers in Paris (လွမ်းနေမယ် ပဲရစ်)

အိုး….ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် တစ်ချိန်က မြန်မာပရိတ်သတ်တို့ အသည်းစွဲခဲ့ရတဲ့ ဇာတ်ကားလေးပဲမဟုတ်ပါလား။ လွမ်းနေမယ်ပဲရစ်ဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒီဇာတ်လမ်းတွဲလေးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အခြေခံပြီး အဓိကရိုက်ကူးခဲ့တာပါ။

ပဲရစ်မြို့ဟာဆိုရင် သူ့ရဲ့ ပုံစံအနေအထားနဲ့တင် စိတ်ကူးယဉ်ဆန်ပြီး လှပတဲ့မြို့တစ်မြို့ဖြစ်နေတာကြောင့် အချစ်များရဲ့ မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာ မင်းသား ကန်ထယ်ယောင်း နဲ့ မင်းသမီး ဟန်ဂီဂျူးတို့ လိုက်ဖက်ညီစွာသရုပ်ဆောင်ပြီး အချစ်ဇာတ်လမ်းကို ပုံဖော်ခဲ့ကြပါတယ်။ ဒါကြောင့် အဲ့ဇာတ်ကားလေးကိုကြည့်မိတဲ့ ပရိတ်သတ်များဆိုရင် ကိုယ်တိုင် ပဲရစ်မြို့ရဲ့ အလှတရားများကို မြင်တွေ့ခံစားနေရသလိုပါပဲ။ ပဲရစ်မြို့ကို သွားချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာအောင် လုပ်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။

၂။ Only you

ဒီဇာတ်လမ်းလေးကတော့ အီတလီနိုင်ငံ Vicenza မြို့မှာ သွားရောက်ရိုက်ကူးထားတာပါ။ ကျောင်းစာကို စိတ်မဝင်စားပဲ ဟင်းချက်တာကိုပဲ ဝါသနာပါတဲ့ အွန်ချေး ဆိုတဲ့ကောင်မလေးဟာ ကမ္ဘာကျော် စာဖိုမှူးတစ်ယောက်ဖြစ်လာဖို့က သူမရဲ့ အိမ်မက်တစ်ခုဖြစ်လို့နေပါတယ်။ ဒါကြောင့် အွန်ချေးဟာ သူမရဲ့ ငယ်သူငယ်ချင်း ဂျောင်ဟွန်းဆောင်းနဲ့အတူ ပညာသင်ဖို့ အီတလီနိုင်ငံသို့ ထွက်ခွာလာခဲ့ပါတယ်။ အီတလီနိုင်ငံမှာ ဟန်ရီယွန်းဆိုတဲ့ လူတစ်ယောက်နဲ့ အမှတ်မထင်တွေ့ဆုံပြီး သူမတို့ နှစ်ယောက်ဟာ ချစ်ကြိုက်ခဲ့ကြပါတယ်။ သူမရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဂျောင်ဟွန်းဆောင်းက သူမကို တစ်ဖက်သတ် တိတ်တခိုး ကြိုက်နေခဲ့တယ်ဆိုတာ သူမကတော့မသိခဲ့ပါဘူး။

သူမတို့သုံးယောက်ရဲ့ လူငယ်ဆန်ဆန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို အီတလီနိုင်ငံရဲ့ အလှတရားများနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ကိုးရီးယားနိုင်ငံက ပရိတ်သတ်များဆိုရင် ဒီဇာတ်ကားကြည့်ပြီး ဇာတ်ကားထဲက နေရာတွေကို အပြင်မှာ အမှန်တကယ်သွားရောက်လည်ပတ် ခဲ့ကြတယ်လို့သိရပါတယ်။

၃။ The Package

ဒီဇာတ်လမ်းတွဲလေးဟာလည်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာသွားရောက်ရိုက်ကူးခဲ့ တာဖြစ်ပါတယ်။ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး အချစ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ပဲရစ်မြို့ရဲ့ အထင်ကရနေရာများစွာပါဝင်ပြီး လမ်းမပေါ်မှာပဲ အဓိက ရိုက်ကူးခဲ့တာမို့ ပဲရစ်ရဲ့ လူနေမှုပုံစံနဲ့ street fashion အလန်းတွေကိုလဲ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

၎။ Goblin (မှင်စာ)

ဒီဇာတ်လမ်းတွဲလေးကတော့ မင်းသား ဂေါင်ယိုးရဲ့ နာမည်ကြီးသဘာဝလွန် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ မှင်စာ ဟာ နှစ်ပေါင်း ၉၀၀ ကျော် သူ့ရဲ့ သတို့သမီး ကိုစောင့်နေခဲ့တာပါ။ မှင်စာဟာ တံခါး တစ်ချပ်ကိုဖွင့်လိုက်တာနဲ့ သူအလိုရှိရာနေရာကို သွားနိုင်ပါတယ်။

သူ့ရဲ့ သတို့သမီးနဲ့တွေ့တဲ့အခါမှာတော့ မှင်စာဟာ စိတ်ကူးယဉ်ဆန်လှတဲ့ ကနေဒါနိုင်ငံမှာရှိတဲ့ Quebec မြို့ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ Qucebec မြို့ရဲ့ ဆောင်းအကုန် နွေအကူးကာလ လေးမှာ သွားရောက်ရိုက်ကူးထားတာမို့ ရွက်ဝါလေး များ မြေပြင်မှာ ကြွေကျ နေတဲ့လမ်းတစ်လျှောက်ဟာဆိုရင် အရမ်းကို စိတ်ကူးယဉ်ဆန် ပြီးလှပနေတာပါပဲ။

ပရိတ်သတ်ကြီးရောကိုယ်ချစ်တဲ့သူနဲ့ အဲ့လိုစိတ်ကူးယဉ်ဆန်ပြီးလှပတဲ့ လမ်းလေးမှာ အတူလက်တွဲပြီး မလျှောက်ချင်ကြဘူးလား?

ဒီဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးသွားတဲ့အခါမှာ Quebec မှာရှိတဲ့ ထိုနေရာလေးကို လာရောက်လည်ပတ်သူတွေလဲ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

၅။ Legend of the blue sea

ဒီဇာတ်လမ်းတွဲလေးကတော့ စပိန်နိုင်ငံမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သာမန်လူသား ယောင်္ကျားလေးနဲ့ ရေသူမတို့ကြားထဲက ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်မြူးလေးပါ။ စပိန်နိုင်ငံရဲ့ နာမည်ကြီး ဂီတပြဇာတ်ရုံဖြစ်တဲ့  Palau de la Música Catalana မှာသွားရောက်ရိုက်ကူး ခဲ့ပါတယ်။ ပင်လယ် ကမ်းခြေမှအလှတရားများစွာလဲပါဝင်ပြီး Giona မြို့မှာရှိတဲ့ နာမည်ကြီးကုန်တိုက်များမှာလဲ သွားရောက်ရိုက်ကူးခဲ့ပါတယ်။

၆။ Descendants of the sun

နေမင်းရဲ့သားစဉ်မြေးဆက်များဆိုပြီး  ၂၀၁၆ မှာတုန်းက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိပါသေးတယ်။ ဒီဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီးဟာလဲ သူတို့ အချင်းချင်းမေတ္တာမျှခဲ့ကြပြီး အပြင်မှာတကယ် ထိမ်းမြားလက်ထပ်ထားကြတာဖြစ်ပါတယ်။ ၂၀၁၆ ဟာဆိုရင် သူတို့ရဲ့ နှစ်လို့ပြောရမှာပါပဲ။ ဘာလို့လဲဆိုတော့ ဆုတွေအားလုံးကို သူတို့ပဲသိမ်းပိုက် နိုင်ခဲ့ပြီး ပရိတ်သတ် အချစ်ကိုလဲအများဆုံးလက်ခံရရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာ ဆိုရင် ဂရိနိုင်ငံ ဆန်တိုရီနီ(Santorini)မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ sence လေးဟာ အရမ်းကို ဟော့ဖြစ်ခဲ့တာပေါ့ ။ ဒီမြန်မာနိုင်ငံက ပရိတ်သတ်တွေတောင် Santorini ကျွန်းကို သွားလည်ပတ်သူ အများအပြားရှိနေခဲ့ ပါတယ်။ Santorini ဟာဆိုရင် ယခင်ကလဲ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်သူအများအပြားရှိပေမဲ့ DOTS ဇာတ်ကား ရိုက်ကူးထုတ်လွှင့်ပြီး တဲ့အခါမှ လည်ပတ်သူပိုမိုများပြားလာတယ်လို့လဲသိရပါတယ်။


17 Oct 2018     1,584 Views




RELATED

Most Popular of Special or Others

Most Popular of Drama Series