BEC-TERO TV

ထားဝယ်ပညာရေးကောလိပ် အဆောင်တွင် အစာအဆိပ်သင့် ၄၄ ဦး ဆေးရုံတင်

18 Oct 2018     1,351 Views


အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄ ဦး အစာအိပ်သင့်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေ့နံနက် ၆ နာရီတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း သိရှိရသည်။

ပြင်ပအရေးပေါ် ကုသဆောင်တွင် ကျောင်းသား ၆ ဦး၊ ကျောင်းသူ ၃၈ ဦး တက်ရောက်ကုသနေသည့်အထဲမှ ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁၀ ဦး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဆွေဆွေအောင်က ပြောကြားခဲ့သည်။

အတွင်းလူနာအဖြစ် ကုသမှုခံယူနေသူ ၁၁ ဦးစလုံးဟာ အစာအဆိပ်သင့်တဲ့လက္ခဏာတွေဖြစ်တဲ့ ဗိုက်အောင်၊ ဝမ်းလျှော၊ အော့အန် ဝေဒနာများ ခံစားနေရသော်လည်း စိတ်ပူစရာမရှိကြောင်း၊ ကျောက်ကပ်အခြေအနေအတွက် သွေးစစ်ထားကြောင်း လက်ထောက်ဆရာဝန် ဒေါက်တာ အေးမင်းသူက ပြောကြားခဲ့သည်။

အစာအဆိပ်သင့်ခဲ့သော ကျောင်းသားကျောင်းသူများကို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ညစာအဖြစ် ငါးသေတ္တာ၊ အာလူးဟင်းတို့နဲ့ ကျွေးမွေးခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီသန်း က ပြောကြားခဲ့သည်။

သင်တန်းသူ သင်တန်းသားများမှာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် ၅/၂၀၁၈ ဒုတိယနှစ်ဝက် တက်ရောက်နေသူများဖြစ်ပြီး အဆိုပါသင်တန်းတွင် ကျောင်းသား ကျောင်းသူ ၂၀၁ ဦး တက်ရောက်နေကြောင်း သိရသည်။

သတင်းရင်းမြစ် - ဟင်္သာမီဒီယာ


18 Oct 2018     1,351 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS