BEC-TERO TV

ရွှေဆိုင်ဓါးပြတိုက်မှု အရောင်းဝန်ထမ်းများ ပါဝင်ပက်သက် (ရုပ်သံ)

18 Oct 2018     1,493 Views


အောက်တိုဘာလ ၁၂ ရက် ပြီးခဲ့တဲ့ သောကြာနေ့က မလေးရှားနိုင်ငံ စီလင်ကာပြည်နယ် ဘန်ဂီမြို့ရှိ ဈေးဝယ်စင်တာ ကုန်တိုက်တစ်ခုထဲတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်အား ဓါားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓါးပြများက ၁၀ ပေါင်တူများ သေနတ်များ သုံးကာ ရွှေထည်ပစ္စည်းများကို ရယူရန် ကြိုးစားခဲ့သည်။

စီစီတီဗီရုပ်သံအရ ဆိုင်စီးဦးထုတ်ဆောင်းထားသော အမျိုးသား ၃ ဦးခန့်က ရွှေဆိုင်သို့ ရောက်လာပြီး အရောင်းဝန်ထမ်းအမျိုးသမီးများကို သေနတ်ဖြင့်ခြိမ်းခြောက်ထားပြီး တစ်ဦးက ရွှေဆိုင်ကောင်တာကို ၁၀ ပေါင်တူဖြင့်ရိုက်ဖွင့်ရန် ကြိုးစားခဲ့သည်။ သို့သော် လုံခြုံရေးအထူးကောင်းမွန်သော ရွှေဆိုင်၏ ကောင်တာနဲ့ မှန်များမှာ ကွဲခြင်းမရှိသဖြင့် ဓါးပြများက သေနတ်ဖြင့် ပစ်သော်လည်း ရွှေထည်ပစ္စည်းများကို ရယူနိုင်ခြင်း မရှိခဲ့ပါ။

သို့သော် အရောင်းစာရေးမ ၂ ဦးက အကြောက်လွန်၍လား၊ ပူပေါင်းပါဝင်၍လား မသိနိုင်ပဲ ဆိုင်ထဲမှ ရွေများကို ဗန်းလိုက် ထုတ်ယူကာ အရောင်းကောင်တာ အံကိုဖွင့်ပြီး ဓါးပြများကို ယူနိုင်အောင် ရွှေများကို တဗန်းပြီး တဗန်းထုတ်ပေးခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အဆိုပါရုပ်သံ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။ ဖြစ်စဉ်၏ နောက်ဆက်တွဲသတင်းကိုမူ မသိရှိရသေးပါ။


18 Oct 2018     1,493 Views




RELATED

Most Popular of International News

Most Popular of NEWS