BEC-TERO TV

၇ နှစ်အရွယ်ကလေးအား မိခင်ဖြစ်သူမှ ထင်းချောင်းဖြင့် မညှာမတာရိုက်နှက်

18 Oct 2018     1,323 Views


ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တွင် မိခင်ဖြစ်သူက အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသားလေးအား ထင်းချောင်းဖြင့် မညှာမတာရိုက်နှက်ခဲ့မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့ပြီး ရဲတပ်သားတစ်ဦးက ဆေးရုံသို့ အချိန်မီတင်ပို့ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ ၁၇ ရက်နေ့က ဧရာဝတီတိုင်း လပွတ္တာမြို့နယ် မြွေဟောက်ကျေးရွာအုပ်စု၊ သဲဝါကျေးရွာတွင်နေထိုင်သူ ဒေါ်မြင့်မြင့်ထွေး (၄၀)နှစ်တွင် သားသမီး ၅ ယောက်ရှိပြီး ခင်ပွန်းဖြစ်သူမှာ လေငန်းရောဂါခံစားနေရသော လူမမာကြီးဖြစ်သဖြင့် အလုပ်မလုပ်ကိုင်နိုင်တော့သလို၊ အစစအရာရာ ဆီးဝမ်းသွာရာမှအစ လူအကူနဲ့ လုပ်ကိုင်ပေးရသော အခြေအနေဖြစ်နေခဲ့သည်။

အိမ်ထောင်ကို ဒေါ်မြင့်မြင့်ထွေး ကပင်ဦးစီးကာ ထင်းခုတ်၊ ပိုက်ပိတ် အလုပ်များနဲ့ ကြိုးစားရုန်းကန် နေခဲ့ရသည်။ ထိုနေ့ကလည်း စတုတ္ထမြောက်သားဖြစ်သူ မောင်ပိုင်ဇင်ဖြိုး (၇)နှစ် က မိခင်အားမကူညီ၊ ဖခင်အနားလည်းမနေပဲ သွားရောက်ဆော့ကစားနေသဖြင့် ဒေါသထွက်ကာ ထင်းချောင်းဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ရိုက်နှက်နေစဉ် နယ်မြေရဲစခန်းမှ ရဲတပ်သား သန်းဌေးနိုင် က တာဝန်ချိန်ပြင်ပ အပြင်သွားစဉ် တွေ့ရှိခဲ့သဖြင့် ဒဏ်ရာများရနေသော ကလေးကို လူမှုရေးအသိစိတ်ဖြင့် ဆိုင်ကယ်ဖြင့်တင်ခေါ်ကာ ၃ မိုင် ကုတင် ၃၀၀ ဆန့်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

သက်ဆိုင်ရာအဖွဲ့မှ ဒေါ်မြင့်မြင့်ထွေး နေထိုင်ရာသို့ သွားရောက်စစ်ဆေးစုံစမ်းခဲ့ရာ စီးပွားရေးက မပြေလည်၊ လူမမာခင်ပွန်းသည်၊ ကလေး ၅ ယောက်နဲ့ ဒုက္ခပင်လယ်ဝေနေချိန်တွင် ဒေါသအလျှောက် ရိုက်နှက်မိခဲ့ကြောင်း ဝန်ခ့ပြောကြားခဲ့သည်။

သတင်းရင်းမြစ် - မင်းနိုင်( မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း)


18 Oct 2018     1,323 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS