BEC-TERO TV

အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် ကျောက်ဂူဆရာတော် ပျံလွန်တော်မူ

18 Oct 2018     1,434 Views


အောက်တိုဘာလ ၁၈ ရက် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က နေပြည်တော် မန္တလေး အမြန်လမ်းတွင် ဆရာတော်စီးနင်းလိုက်ပါလာသော မော်တော်ယာဉ် မတော်တဆမှုဖြစ်ခဲ့ပြီးနောက် ဆရာတော်နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆရာတော်နှင့်အတူ အမျိုးသား ၄ ဦး လိုက်ပါလာသော မော်တော်ယာဉ် Lexus အမျိုးအစား အနက်ရောင် ယာဉ်အမှတ် 1P/779 သည် မိုင်တိုင်အမှတ် ၃၁၀/၃ နှင့် ၃၁၀/၄ ဖာလုံကြားတွင် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမြေသား တောင်စောင်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ယာဉ်မတော်တဆမှုကြောင့် ပုလဲမြို့နေ ကိုဆန်း ဆိုသူ နေရာတွင် သေဆုံးခဲ့သည်။ 

ကျောက်ဂူဆရာတော်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ ပိုဆောင်စဉ် နံနက် ၉ နာရီ ၅၀ အချိန်တွင် ပျံလွန်တော်မူသွားကြောင်းသိရှိရသည်။ ဆရာတော်၏ ရုပ်ကလပ်တော်အား မန္တလေးသို့ပြန်လည် သယ်ဆောင်ရန် စီစဉ်လျှက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံးမှ သတင်းထုတ်ပြန်ထားသည်။


18 Oct 2018     1,434 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS