BEC-TERO TV

မင်းသွေးရက်လည်တွင် ကြွရောက်အမျှပေးဝေခဲ့တဲ့ ကျောက်ဂူဆရာတော်ကြီး ပျံလွန်တော်မူ

19 Oct 2018     1,486 Views


အောက်တိုဘာ (၃) ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်မင်းသွေးရဲ့ နာရေးရက်လည်တွင် လာရောက်တရားဟောကြားကာ အမျှပေးဝေခဲ့တဲ့ ကျောက်ဂူဆရာတော်ကြီး ပျံလွန်တော်မူသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဆရာတော်ကြီးဟာ အောက်တိုဘာလ (၁၈) ရက်နေ့ မနက်ပိုင်းအချိန်က နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ဆရာတော်လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်တိမ်းမှောက်ကာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ဆရာတော်ကြီးပျံလွန်တော်မူသွားပြီဖြစ်တဲ့ အကြောင်းကိုတော့ ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင် ဓမ္မပီယက ခုလိုရေးသားဖော်ပြထားတာဖြစ်ပါတယ်။

“မင်းသွေးရဲ့ နာရေးမှာတောင်ကြွရောက်ခဲ့သေးသော ဆရာတော်ဘုရားကြီး.. ဒုလ္လဘဝတ်နေတဲ့ နေတိုးဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေရှာမလည်း.. 8.10.2018 နေ့ကမင်းသွေးနာရေး မိသားစုအလှူတုန်းကကြွပြီး အမျှဝေပေးခဲ့သေးတဲ့ ကျောက်ဂူတောရဆရာတော်…. ခု -18-10-2018 နေ့တွင် နေပြည်တော်-မန္တလေး အမြန်လမ်း၌ ကားမှောက်ကာ ပျံလွန်တော်မူသွားပြီးဖြစ်သည်။”

"နေ့မြင် ညပျောက်,ညမြင် နေ့ပျောက်
မွေးခန္ဓာက သေခန္ဓာနဲ့သာ နိဂုံးပြုလေ့ရှိသည်မို့လို့
ဘယ်လို မေးခွန်းမျိုးပဲ မေးမေး
သင်တို့ငါတို့အတွက် သူသူငါငါ
ယတိပြတ် ဆုံးဖြတ်လို့ရတဲ့ အဖြေမျိုးက
ငါတို့တွေ ငါတို့တွေဟာ သေမျိုးတွေဆိုတာပါပဲ"

အသက်ရှိနေခိုက် ကုသိုလ်ဟာ လမိုက် မဖြစ်စေဖို့ သတိထားပါ  အို....မိတ်ဆွေတို့” ဆိုကာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။

ကျောက်ဂူတောရဆရာတော်ဘုရားကြီးဟာ ဘုန်းတန်ခိုးကြီးမားတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး သာသနာရေးလုပ်ငန်းတွေကိုလဲ စွမ်းစွမ်းတမံလိုက်လံဆောင်ရွက်နေတဲ့ ဆရာတော်ကြီးဖြစ်တာကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူသွားခြင်းကြောင့် အများပြည်သူအားလုံး ၀မ်းနည်းကြေကွဲလို့နေကြပါတယ်။ သေခြင်းတရားဆိုတာကြီးက အချိန်ကျလာရင် ရှောင်လွှဲမရနိုင်တာမို့ အသက်ရှိစဉ်အချိန်ခါမှာ ကောင်းမွန်စွာနေထိုင်ပြီး ကုသိုလ်ကောင်းမှုတွေပြုကြပါလို့.....


19 Oct 2018     1,486 Views




RELATED

Most Popular of Special or Others

Most Popular of NEWS