BEC-TERO TV

ပြိုင်ဘက်ကို ၃ ချီနဲ့ ပွဲသိမ်းအနိုင်ယူမည့် အောင်လအန်ဆန်း

19 Oct 2018     1,799 Views


ONE Championship “Pursuit Of Greatness” ပွဲကြီးအတွက် အောက်တိုဘာလ ၁၉ ရက် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က အောင်လအန်ဆန်း ဟာ ရန်ကုန်အပြည့်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အောင်လအန်ဆန်း အတွက်  ၂၀၁၈ ခုနှစ် နောက်ဆုံးပွဲစဉ်လည်းဖြစ်တဲ့ ဒုတိယအကြိမ်မြောက် မစ်ဒယ်ဝိတ်တန်းချံပီယံခါးပတ် ကာကွယ်ပွဲကြီးမှာ သူ့ရဲ့ပြိုင်ဘက် မိုဟာမက်ကရာကီ ကို ၃ ချီနဲ့ အနိုင်ထိုးသတ်သွားမည်ဟု မီဒီယာများနဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မိုဟာမက်ကရာကီ ဟာလည်း ကရာတေးကို အခြေခံပြီး မြေပြင်အချုပ်သိုင်းကွက်များနဲ့ ပြိုင်ဘက်များကို ရှုံးပွဲမရှိအနိုင်ယူလေ့ရှိသော MMA ကစားသမားဖြစ်သည့်အတွက် အောင်လအန်ဆန်း နဲ့ ကစားကွက် အားသာချက်များ ဆင်တူသည်ဟု ပြောလို့ရပါတယ်။

ဒါပေမယ့် ဒီပွဲမှာတော့ အောင်လအန်ဆန်း က သူ့ရဲ့ပြိုင်ဘက်ကို မြေပြင်ပေါ်မှာ ချုပ်တဲ့ကစားကွက်ထက် လက်ဝှေ့၊ တံတောင်အစွမ်းများနဲ့ ယှဉ်ပြိုင်ကာ အနိုင်ယူဖို့ စီစစဉ်ထားကြောင်း၊ ကရာကီ ရဲ့ ကစားကွက်များကို ဗီဒီယိုများကြည့်ကာ လေ့လာထားပြီး သူ့ရဲ့အားနည်ချက်တွေကိုလည်း တွေ့ရှိပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ကရာကီ ၏ ကစားကွက်အတိုင်း ပိုမိုကောင်းမွန်စွာ ကစားနိုင်တဲ့ လေ့ကျင့်ဖော်များနဲ့လည်း သေသေချာချာ လေ့ကျင့်ပြင်ဆင်ထားတဲ့အတွက် ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို ဆိုပါတယ်။

မိုဟာမက်ကရာကီ ဟာ အောင်လအန်ဆန်းနည်းတူ Phoenix Fighting Championship ရဲ့ Middle Weight နဲ့ Light Heavy Weight ချံပီယံ ခါးပတ် ၂ ခုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်း အနေနဲ့ စနစ်တကျလေကျင့်ပြင်ဆင်မှုများ ၆ ပတ်ကြာပြုလုပ်ခဲ့ပြီးနောက် ပွဲကျင်ပရန် တစ်ပတ်အလိုမှာ သူ့ရဲ့အဖွဲ့သားများနဲ့အတူ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဆိုပါပွဲအတွက် မြန်မာနိုင်ငံမှာလည်း လေ့ကျင့်မှုများကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


19 Oct 2018     1,799 Views




RELATED

Most Popular of Boxing

Most Popular of NEWS