BEC-TERO TV

ချစ်သူနဲ့လက်ထပ်လိုက်ပြီဖြစ်ကြောင်း အသိပေးဖွင့်ဟလိုက်တဲ့ အောင်မင်းခန့်

19 Oct 2018     1,550 Views


ဝိညာဉ်ရှိုက်သံရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်ခဲ့တဲ့ သရုပ်ဆောင် အောင်မင်းခန့်ကတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ပရိသတ်တွေကြား နာမည်ကျော်ရေပန်းစားလာသူတစ်ယောက်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့လက်ခံအားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို ယောကျာ်းပီသတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် အမိုက်စားခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ အောင်မင်းခန့်ကတော့ ပျိုပျိုတိုင်းတွေကြွေရတဲ့ ကိုကိုတစ်ယောက်လဲဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ အောင်မင်းခန့်တစ်ယောက် ပရိသတ်တွေကို အံ့သြ၀မ်းသာဖြစ်စေမယ့် သတင်းလေးတစ်ခုကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။ မထင်မှတ်ပဲ ချစ်သူနဲ့တရားဝင်လက်ထပ်လိုက်တာဖြစ်ပြီး အားလုံးကိုအသိမပေးခဲ့တဲ့အတွက်လဲ စိတ်မကောင်းဖြစ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

အောင်မင်းခန့်ရေးသားထားတာကတော့  “မထင်မှတ်ပဲ လက်မှတ်ထိုးလိုက်ရလို့ စေ့စပ်လက်ထပ်ပွဲ သီးခြားမလုပ်လိုက်ရတဲ့အတွက် သူငယ်ချင်းမိတ်ဆွေ အားလုံးကို ကြိုပြီးတောင်းပန်ပါရစေ.... မင်္ဂလာရက်​ကတော့ ဝါကျွတ်အပြီး နိုဝင်ဘာလ ၃ဝ ရက်နေ့လောက်မှာဘိုကင်ယူထားတယ် Confirm တယ်ဆိုတာ သေချာရရင် ပြန်ပြောပေးပါ့မယ် အချိန်ကတော့ မနက်ပိုင်းဖြစ်ပါမယ်…. ရန်ကုန်မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ Facebook ပေါ်က ခင်မင်ရင်းနှီးသူများ အားလုံးကိုလည်း အခုကတည်းက ကြိုဖိတ်​ပါရစေ... (နီးရင် ဖိတ်စာနဲ့တကွ လူကိုယ်တိုင်လာဖိတ်ပါဦးမယ်နော် )” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အောင်မင်းခန့်အတွက် အံ့သြ၀မ်းသာဖြစ်လို့နေကြပါတယ်။


19 Oct 2018     1,550 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment