BEC-TERO TV

နိုင်ငံလက်ရွေးစင်ဘောလုံးသမား အောင်သူနှင့် ရုပ်ရှင်သရုပ်ဆာင် ပိုးအိအိခန့် တို့၏ နောက်ကွယ်က အကြောင်းတွေကို ချပြခဲ့တဲ့ ဟက်ကာ

20 Oct 2018     1,405 Views


နိုင်ငံလက်ရွေးစင်ဘောလုံးသမား အောင်သူဟာ လက်ရှိမှာ ထိုင်းအသင်း police  tero အသင်းမှာ ကစားနေတာလည်းဖြစ်ပါတယ် ။ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ဂိုးတွေများစွာသွင်းယူထားနိုင်ပြီး အားထားရတဲ့ တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ် ။အောင်သူက အချစ်ရေး က လက်ရှိမှာ  LDRS အချစ်ရေးကိုပိုင်ဆိုင်ထားပြီး  ရုပ်ရှင်သရုပ်ဆာင် ပိုးအိအိခန့် နှင့်ချစ်ကြိုက်နေတယ် ဆိုတာ ပရိတ်သတ် တော်တော်များများ  သိရှိထားပြီးဖြစ်ပါတယ်။

မနေ့ညက အောင်သူရဲ့အကောင့်ဟာ ဖေစ့်ဘုတ် အကောင့် အဟက်ခံရပြီး ချစ်သူနှစ်ဦးရဲ့ ပုံတွေကိုလည်း ချပြထားခဲ့တာဖြစ်ပါတယ်။ like 10 K ရရင် ထပ်ချပြပေမယ်ဆိုပါတယ်။  အောင်သူ ဟာ မကြာခင်မှာ ဆူဇီကီး ဖလားပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်တာကြောင့် ပရိတ်သတ်တွေက စိုးရိမ်နေခဲ့ကြတာဖြစ်ပါတယ်။

တချို့ကလည်း အောင်သူနှင့် ပိုးအိအိခန့်တို့ တရာဝင်လက်ထပ်ထားပြီး ဖြစ်ကြောင်း လည်းသတင်းပွနေပါတယ်။

ဟက်ကာကလည် “ ဒီလောက်ကြည်နူးစရာကောင်းတာဗျာ ၊ ပုံတွေသိမ်းထားရတယ်လို့ ၊ ကိုယ်တွေ  FA တင်စရာမရှိလို့  idol  ပုံလေးတွေ လာတင်သွားတယ် ဆိုပြီး ” ကျီစယ်သွားခဲ့ပါတယ်။


20 Oct 2018     1,405 Views




RELATED

Most Popular of Special or Others

Most Popular of NEWS