BEC-TERO TV

သင်ဘဝကိုပြောင်းလဲစေမဲ့ ဂေါတမဗုဒ္ဓ၏ သော့ချက် (၁၂) ချက်

22 Oct 2018     1,813 Views


ဂေါတမမြတ်စွာဘုရားဟာ သဗ္ဗေညုတ ညဏ်တော် ကိုရရှိထားပြီး အလုံစုံသိတော်မူ၏ လူသားတို့၏ ကောင်းကျိုးကို လိုလားပြီး နိဗ္ဗာန် အထိ ရောက်စေခြင်း အလိုငှာ တရားတော်များကို ဟောကြားခဲ့ပါတယ်။ထို့ တရားတော်များမှ အနှစ်ထုတ် ၍ ကျွန်နုပ်တို့၏ ဘဝ ကို အပြောင်းအလဲ ဖြစ်စေမဲ့ အချက် ၁၂  ကိုပြောပြပေးပါမယ်။
 
၁။ ဒေါသလျော့ပါ
 
     ဒေါသ ကို ပုထုစဉ်လူသား တွေက ကင်းလွတ်နိုင်ခြင်းမရှိပေမဲ့ အတတ်နိုင်ဆုံးလျှော့သင့်ပါတယ်။
၂။ သင်ကိုသင် စိတ်ချမ်းသာဖို့အတွက် ပြုံးပါ
 
    တစ်နေ့တစ်ခါ ကောင်းကင်ပြာပြာကြီးအောက်မှာ အားရပါးရရယ်ပြီး အော်လိုက်ပါ။
 
၃။ လူတိုင်းအပေါ်မေတ္တာထားနိုင်အောင်ကြိုးစားပါ။
 
   လူတိုင်းအပေါ်မေတ္တာထား မှသာ စိတ်ကြည်လင် သန်ရှင်းပြီး နေနိုင်မှာပါ။
 
၄။ အမှန်တရားကိုတန်ဖိုးထားပါ
 
    လောကမှာ ပျောက်ကွယ်မသွားမှာ အရာသုံးခုရှိပါတယ်။ နေ ၊ လ နှင့်  အမှန်တရား တို့ပါ။
 
၅။ အကောင်းမြင်စိတ်ထားပါ
 
    ဘယ်သူက မကောင်းကြောင်းပြောနေပါစေ အကောင်မြင်စိတ်ထားပါ ၊ ဒါက စင်စစ် အေးချမ်းခြင်းပါ။
၆။ ခွင့်လွတ်ခြင်း
 
    အရာအားလုံးကို ခွင့်လွတ်ခြင်းက ငြိမ်းချမ်းခြင်းပါ
 

၇။ ကျဆုံးခြင်းကနေ  အကြိမ်ကြိမ်ကြိုးစားခြင်းသည် အောင်မြင်မှုအတွက် အကောင်းဆုံး လမ်းစဉ်

 

၈။ လမ်းဖေါက်ခြင်း
 
ခရီးဆိုတာက သွားမှ ခရီးရောက်တာပါ ။ ဒါကြောင့် သင့်ဘဝ သင့်အကြောင်း သိဖို သင်ကိုယ်တိုင်လုပ်ဆောင်ပါ။
၉။ မိမိကိုယ်မိမိ နေ့စဉ်သုံးသပ်ပါ
 
  ကိုယ်ဘယ်လောက် တော်နေပါစေ ၊ ကိုယ်ဘယ်လောက် လုပ်နိုင်တယ်ပြပါစေ ၊ မိမိကိုယ်ကို သုံးသပ်မှုမရှိ အလကားပါပဲ ၊ ဒါကြောင့် မိမိကိုယ်မိမိ နေ့စဉ်သုံးသပ်ပါ။
၁၀။ တာဝန်ကျေပွန်ပါစေ
 
ခွေးတစ်ကောင် ဟာ ကိုက်တတ်ဖို့ မစဉ်းစားပါဘူး ၊ ဘာလို့ဆိုတော့ သူဟာ ကိုက်တတ်တဲ့ သတ္တဝါ မို့ပါ ၊ ကိုယ်တာကို သီသန့်သင်ပေးနေစရာမလိုပါဘူး ၊ လူတစ်ယောက် က ကိုယ်ဘာလုပ်ရမယ်ဆိုတာ သင်ပေးဖို့မလို့ ပါဘူး ။ သင်ကိုယ်တိုင်သိနေရပါမယ်။

၁၁။ အကောင်းဆုံးလမ်းစဉ် တွေဆိုတာ ကောင်းကင်မှာရှိမနေပါဘူး ၊ သင့်ရဲ့နှလုံးသားထဲ့မှာပဲ ရှိနေတာပါ

၁၂။ လူတွေကို တန်းတူ တန်ဖိုးထားတတ်ပါစေ
 
   ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ဆိုပြီး  မခွဲခြားဘဲ တန်းတူ တန်ဖိုးထားပါ။

 


22 Oct 2018     1,813 Views




RELATED

Most Popular of Special or Others

Most Popular of Life Style