BEC-TERO TV

မန်ချက်စတာယူနိုက်တက် နဲ့ တောဝက်လေး ၁၃ ယောက် တွေ့ဆုံ

29 Oct 2018     1,420 Views


ထိုင်းနိုင်ငံ မယ်ဆိုင်လှိုဏ်ဂူကြီးထဲမှာ ၁၈ ရက်ကြာပိတ်မိနေခဲ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ တောဝက်ကလေးများ ဘောလုံးအသင်းသား ၁၃ ယောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ပိတ်ရက်မှာ မန်ချက်စတာယူနိုက်တက် အသင်းက အထူးအစီစဉ်အနေနဲ့ တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။

စနေနေ့မှာတော့ မန်ယူအသင်းရဲ့ မန်နေဂျာ “ဂျိုစီမောရင်ဟို” က မန်ယူအသင်း လေ့ကျင့်ကစားတဲ့ ကွင်းထဲမှာ တောဝက်လေး ၁၃ ယောက်နဲ့ တွေ့ဆုံပြီး တစ်ဦးခြင်းစီကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် “ပေါလ် ပေါ့ခ်ဘာ” “အန်ဒါဟာရီယာ” တို့အပါအဝင် မန်ယူကစားသမားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ အဲဗာတန် နဲ့ ကစားတဲ့ပွဲကို အိုးလ်ဒ်ထရပ်ဖို့ဒ် ကွင်းမှာ အထူးနေရာကနေ ကြည့်ရှုခွင့်ရခဲ့ပါတယ်။ လှိုဏ်ဂူထဲမှာ ပိတ်မိစဉ် ကလေးတစ်ဦးက မန်ချက်စတာယာနိုက်တက် ရဲ့ အင်္ကျီကို ဝတ်ဆင်ထားခဲ့ပါတယ်။ “အဲဗာတန်” နဲ့ မန်ယူ ပွဲမစတင်ခင်မှာ “လီစက်စတာ” ကလပ် အသင်းပိုင်ရှင် ဟယ်လီကော်ပတာ ပျက်ကျသေဆုံးခဲ့မှုကို ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ်လည်း တစ်မိနစ်တာ ငြိမ်သက်ပေးခဲ့ကြပါတယ်။


29 Oct 2018     1,420 Views




RELATED

Most Popular of Football

Most Popular of NEWS