BEC-TERO TV

ရီးရဲမက်ထရစ် နည်ပြလိုပက်တီဂူ နည်းပြရာထူးမှ ထုတ်ပယ်ခံရ

30 Oct 2018     1,360 Views


ဒီရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေတဲ့ ရီးရဲမက်ထရစ် ဟာ အသင်း နည်းပြ လိုပက်တီဂူကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြ ဆိုလာရီ ကို ယာယီခန့်အပ်ခဲ့ကြောင်းသိရသည် ။ ထုတ်ပယ်ခံရခဲ့ရတဲ့ လိုပက်တီဂူဟာ ချန်ပီယံလိဂ် ဖလား ၃ လုံး ရယူးပေးထားခဲ့တဲ့ ဇီဒန်း နေရာကို အစားထိုး ဝင်ရောက် လာသူဖြစ်ပါတယ် ။

ရာသီအစမှာ ရလဒ်ကောင်း နှင့် စတင်ခဲ့သော်လည်း နောက်ပိုင်း ရလဒ်ပိုင်း ဆက်တိုက်ဆိုးရွာ ခဲ့တာကြောင့် ဘာစီလိုနာ အသင်းကို ၅ - ၁ ဖြင့်ရှုံးနိမ့်ပြီး နောက်ပိုင်း အသင်း ဘုတ်အဖွဲ့က ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။ ရီးရဲမက်ထရစ် အသင်းနောက်ဆုံး လာလီဂါ ၅ ပွဲမှာ ၄ ပွဲရှုံး ၁ သရေ သာစွမ်းဆောင် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလား မှာ စပိန်းအသင်း ကို နည်းပြခွင့်ရရှိခဲ့သော်လည်း ရီးရဲမက်ထရစ် နည်းပြရာထူး နှင့် သတင်းထွက်ပေါ်ခဲ့တာကြောင့် စပိန်အသင်းကနေ ထုတ်ပယ်ခံရသူလည်းဖြစ်ပါတယ် ။

ရီးရဲမက်ထရစ် အသင်း ဟာ ယခုလက်ရှိ လက်ထောက်နည်းပြ ဆိုလာရီက ကိုင်တွယ်သွားမည် ဖြစ်သော်လည်း အနာဂါတ်အတွက် ချလ်ဆီနည်းပြဟောင်း ကွန်တီ နှင့် သတင်းထွက်ပေါ်လျှက်ရှိပါတယ်။ ကွန်တီ ဟာ ရီးရဲမက်ထရစ် အသင်းကို နည့်းပြခွင့်ရပါက လက်ထောက်နည်းပြ ၅ ဦးအထိ တောင်းဆိုသွားမယ်ဖြစ်ကြောင်းသိရပါတယ်။


30 Oct 2018     1,360 Views




RELATED

Most Popular of Football

Most Popular of Sport