BEC-TERO TV

မျက်လုံးယားယံခြင်းကို သက်သာပျောက်ကင်းစေမယ့်နည်းလမ်း

30 Oct 2018     4,592 Views


လူတိုင်းနီးပါး မျက်လုံးယားယံတာမျိုးကို ခံစားဖူးကြမှာပါ။ အဲဒီလို ယားယံလာတဲ့အခါ သက်သာအောင် မျက်လုံးကို ပွတ်လေ ပိုယားလာလေဖြစ်ပြီး နောက်ဆုံးမှာ မျက်လုံးနီရဲ မျက်ရည်ထွက်လာတာတောင် မသက်သာတာမျိုး ကြုံတွေ့ရတတ်ပါတယ်။

ဒီလိုမျိုး မျက်လုံးကို အဆက်မပြတ်ပွတ်တာ မျက်လုံးအတွက် အန္တရာယ်ရှိပါတယ်။ အခန့်မသင့်ရင် မျက်ကြည်လွှာရွေ့သွားတာ၊ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သေချာတာတစ်ခုကတော့ မျက်လုံးယားလာပြီဆိုရင် ဣန္ဒြေပျက်လောက်အောင် ဖြစ်ရပါတယ်။
 
မျက်လုံးယားခြင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့တွေ့တာ ဒါမှမဟုတ် မသန့်တဲ့ပိုးဝင်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်လုံးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးထဲမှာ အနုနယ်ဆုံးဖြစ်လို့ ဓါတ်မတည့်တာ တစ်ခုခုကြုံတာနဲ့ သူ့မှာအရင်ဦးဆုံး ခံရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ခုခံအားစနစ်က အလိုလျှောက် ပဋိဇီဝတစ်မျိုးဖြစ်တဲ့ ဟစ္စတာမင်း ထုတ်ပေးတတ်ပါတယ်။
 
မျက်လုံးခြောက်သွေ့တဲ့အခါ၊ မျက်ကပ်မှန် အချိန်ကြာကြာတပ်ဆင်တဲ့အခါ၊ မျက်လုံး မသန့်ရှင်းတဲ့အခါ၊ ရက်လွန်နေတဲ့ မျက်ဝန်းအလှပြင်ပစ္စည်းတွေ သုံးမိတဲ့အခါ ပြီးတော့ ဖုန် မှုန်တွေ ဝင်တဲ့အခါမှာလည်း မျက်လုံးက မနေနိုင်လောက်အောင် ယားယံလာတတ်ပါတယ်။ ရာသီဥတု အကူးအပြောင်း ဓားတ်မတည့်တဲ့အခါနဲ့ မီးခိုးဝင်တဲ့အခါတွေမှာတော့ အဆိုးဆုံးပါပဲ။
 
ဒီလိုမျိုး မကြာခဏ မျက်လုံးယားယံ တတ်သူတွေအတွက် ငွေကုန်ကြေးကျ မရှိသလောက် သက်သာပြီး သဘာဝနည်းလမ်းအတိုင်း အမြန်ဆုံး ပျောက်ကင်းနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
 
၁။ ရေခဲကြပ်ထုတ်
အလွယ်ကူဆုံးနည်းဖြစ်ပါတယ်၊ ရေခဲရေထဲကို အဝတ်သန့်သန့်နဲ့ နှစ်ပြီး ရေစစ်အောင် ညှစ်ချပြီး ယားယံတဲ့ မျက်လုံးပေါ်မှာ ၅ မိနစ်ခန့် တင်ထားလိုက်ပါ။ (သက်သာသည်ထိလုပ်ပါ) ရေအေး နေရာမှာ ရေနွေး(ကြက်သီးနွေး) လည်း အစားထိုးသုံးနိုင်ပါတယ်။
 
နောက်တစ်နည်းကတော့ အဝတ်သန့်သန့်ထဲကို ရေခဲသေတ္တာထဲက ရေခဲတုံးလေးများ ထည့်ပြီး ရေခဲကြပ်ထုတ် ပြုလုပ်ပြီး ယားယံတဲ့ မျက်လုံးပေါ် ၅ မိနစ်ကနေ ၁၀ မိနစ်ထိ တင်ထာပါ။ (၂ ကြိမ် ၃ ကြိမ်ခန့်ပြုလုပ်ပေးပါ)
 
၂။ သခွားသီး
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အန်တီအောက်ဆီဒန့် နဲ့ ရောရမ်းခြင်းကို သက်သာစေတဲ့ ဓါတ်သဘာဝရှိတာကြောင့် အလွန်အစွမ်းထက်ပါတယ်။ သခွားသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အနေတော် အကွင်းလေးများလှီးပြီး ရေခဲသေတ္တာထဲ မိနစ် ၂၀ ခန့် အအေးခံထားပါ၊ အဲဒီနောက် မျက်လုံးမှိတ်ပြီး သခွားသီးကွင်းကို မျက်ခွံပေါ် ၁၀ မိနစ်ခန့် တင်ပေးထားပါ။ တစ်ရက်လျှင် ၅ ကြိမ်ခန့် ပြုလုပ်ခြင်းဖြင့် မကြာခဏ မျက်လုံး ယားယံတတ်တာကို သက်သာစေပါလိမ့်မည်။
 
၃။ နို့အေး
နွားနို့ဟာလည်း မျက်လုံးယားယံမှုကို သက်သာစေမယ့် အိမ်သုံးပစ္စည်းတစ်မျိုးပါ။ အပူကျစေပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးကြွက်သားတွေကို သက်သာစေပါတယ်။ သန့်ရှင်းတဲ့ ဂွမ်းစကို လုံးပြီး နွားနို့အေးထဲနှစ်ပါ။ မျက်လုံးကို မှိတ်ပြီး နို့အေး ဆွတ်ထားတဲ့ ဂွမ်းစနဲ့ မျက်ခွံပေါ်ကနေ ပွတ်ပေးပါ။ မနက်တစ်ကြိမ် ည တစ်ကြိမ် ပြုလုပ်ပေးပါ။
 
ဒါမှမဟုတ် နို့အေး ဆွတ်ထားတဲ့ ဂွမ်းစကို မျက်ခွံပေါ် တင်ထားပေးပါ၊ တစ်နေ့လျှင် ၄ ကြိမ်ခန့်ပြုလုပ်ပေးပါ။
 
၄။ ဂရင်းတီး
လက်ဖက်ခြောက်ထုတ် ဂရင်းတီးဟာ ကျန်မာရေးအတွက် အထောက်အကူပြုသလို မျက်စိယားယံတတ်တာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ရေနွေးစိမ်သောက်ထားတဲ့ ဂရင်းတီးအထုတ်လေးကို အအေးခံပြီးနောက် မျက်ခွံပေါ်မှာ မိနစ်အနည်းငယ် တင်ထားပေးပါ။
 
၅။ ဆားရေနွေး
ရေနွေးဆူဆူ တစ်ဖလားထဲကို ဆား ၃ ဇွန်း ထည့်ပြီး ပျော်အောင် မွှေပါ၊ ထို့နောက် အအေးခံပါ။ ဆားပျော်ရည်အေး ရပြီဆိုပါက လက်ခုတ်နဲ့ ခပ်ကာ မျက်စိကို တိုက်ရိုက် ပုတ်ခတ် ပုတ်ခတ်နဲ့ ဆေးနိုင်သလို ဂွမ်းစလေးများကို လုံးပြီး ဆားရေမှာ နှစ်ကာ ရေအနည်းငယ်ပြန်ညှစ်ပြီး မျက်ဝန်းတစ်ဝိုက်ကို သုတ်ပေးနိုင်ပါတယ်။
 
မျက်စိယားယံမှုမဖြစ်အောင် အောက်ပါတို့ကို ရှောင်ကျဉ်ပါ
  • မျက်လုံးကို မကြာခဏ ပွတ်ခြင်း။
  • မျက်ကပ်မှန်ကို လိုအပ်သည်တပ် ကြာမြင့်စွာတပ်ခြင်း။
  • ရက်လွန်နေတဲ့ မျက်စဉ်း အသုံးပြုခြင်း။
  • အလှပြင်ပစ္စည်းများနဲ့ မျက်ကပ်မှန်ကို အခြားသူများနဲ့ မျှဝေသုံးခြင်း။
  • မသန့်ရှင်းသော လေထုရှိတဲ့ ပတ်ဝန်းကျင် တို့ကို ရှောင်ကျဉ်ပါ။

30 Oct 2018     4,592 Views




RELATED

Most Popular of Health Fix

Most Popular of Life Style