BEC-TERO TV

အပြာဝဘ်ဆိုက် ကြည့်သူတွေ ရှောင်ကျဉ်သတိပြုရမည့်အချက်များ ရဲအဖွဲ့ထုတ်ပြန်

31 Oct 2018     1,360 Views


အင်တာနက်အွန်လိုင်းပေါ်မှ အပြာဝဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုပြီးနောက် အရှက်မကွဲချင်ရင် ပိုက်ဆံလွှဲပေးရန် ခြိမ်းခြောက်စာ အီးမေးလ်များရောက်လာမှု များပြားလာသည့်အတွက် အွန်လိုင်းသုံးသူတွေ ရှောင်ကျဉ်ရမယ့်အချက်များကို စင်ကာပူရဲအဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။

ထောက်လှမ်းရန်ခက်သည့် အီးမေးလိပ်စာနဲ့အတူ အပြာဝဘ်ဆိုက်များကို ကြည့်နေတဲ့ မိမိရဲ့ပုံတွေကို ပိုက်ဆံမလွှဲပေးပါက အွန်လိုင်းပေါ် တင်လိုက်မည်ဟု ခြိမ်းခြောက်စာ ရောက်ရှိနေမှုများ ယခုနှစ် စက်တင်ဘာလကနေစပြီး ၁၅ မှုကျော် ရှိနေပြီဖြစ်ကြောင်း ရဲအဖွဲ့က အောက်တိုဘာလ ၂၉ (တနင်္လာနေ့) က ထုတ်ဖော်ပြောကြားခဲ့သည်။

အမှုအားလုံးတို့မှာ အမည်မသိ အီးမေးလိပ်စာများမှတစ်ဆင့် ပေးဖို့ခဲ့ပြီး ပြန်ပေးငွေကို အွန်လိုင်းငွေကြေးဖြစ်သော ‘Bitcoin’ နဲ့ ပေးချေရန် ငွေညှစ်ခြိမ်းခြောက်ခံရခြင်းဖြစ်သည်။

အမှုအချို့မှာတော့ ခြိမ်းခြောက်ရိုက်စားလုပ်သူတွေက ကျူးလွန်ခံရသူတွေရဲ့ ကွန်ပျူတာဟာ ဗိုင်းရပ်စ်ရှိနေပြီဖြစ်ပြီး အွန်လိုင်းမှာ ဘာပဲလုပ်လုပ် သူတို့သိတယ်လို့လည်း ခြိမ်းခြောက်တာမျိုးရှိနေပါတယ်။

အခြားအမှုတွေမှာလည်း ခြိမ်းခြောက်သူတွေက ကာယကံရှင်ရဲ့ အီးမေးအကောင့်၊ လျှို့ဝှက်ကုဒ်နံပါတ်တွေအပြင် လူမှုကွန်ယက်တွေကအစ၊ ဖုန်းအဆက်အသွယ်တွေအားလုံး သူတို့ရထားပြီဖြစ်ကြောင်း ခြိမ်းခြောက်ငွေတောင်းမှုတွေ ရှိနေပါတယ်။

ဒီလိုခြိမ်းခြောက်စာ အီးမေးလ်ရရှိထားသူတွေအနေနဲ့ သူတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်မလုပ်ဖို့၊ ပိုက်ဆံမလွှဲကြဖို့နဲ့ အဆိုပါအီးမေးလိပ်စာတွေကို သတိထားကြဖို့၊ အချို့ အီးမေးလ်များမှာ လိမ်လည်လှည်းဖြားတာတွေလည်း ဖြစ်နိုင်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ အီးမေးလ်လိပ်စာ လျှို့ဝှက်ကုဒ် ခိုးယူခံရပြီဆိုတာနဲ့ လျှို့ဝှက်ကုဒ်တွေကို ပိုပြီးခက်ခဲတဲ့ အရာမျိုးတွေနဲ့ ပြင်ဆင်ပြောင်းလဲကြဖို့၊ နှစ်ဆင့်ခံထားကြဖို့လည်း သတိပေးထားပါတယ်။

ကွန်ပျူတာနဲ့ မိုဘိုင်းတွေကိုလည်း ဗိုင်းရပ်ဆော့ဖ်ဝဲတွေ၊ OS တွေ Update လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ နောက်ဆုံး အဆင့်အနေနဲ့ ကွန်ပျူတာက ကင်မရာတွေကို တစ်ခုခုနဲ့ ဖုံးကွယ်ထားကြဖို့ (နောက်ကွယ်ကနေ ကိုယ့်ပုံကိုမရယူနိုင်အောင်) တိုက်တွန်းပြောကြားထားပါတယ်။

ဒါကြောင့် အွန်လိုင်းသုံးသူတွေအနေနဲ့ မိမိရဲ့ ကွန်ပျူတာမှာပါရှိတဲ့ ကင်မရာကို စက္ကူတိတ်နဲ့ဖြစ်စေ လုံခြုံရေးအရ ကပ်ထားကြဖို့ သတိပေးလိုက်ပါတယ်။


31 Oct 2018     1,360 Views




RELATED

Most Popular of International News

Most Popular of NEWS