BEC-TERO TV

အသင်းသားဟောင်း လမ်းပတ်ရဲ့ ဒါဘီအသင်းကိုအနိုင်ယူကာ ကွာတားဖိုင်နယ်တက်သွားတဲ့ ချဲလ်ဆီး

01 Nov 2018     1,261 Views


ချဲလ်ဆီးအသင်းဟာ ယနေ့နံနက် က ဒါဘီအသင်းနဲ့ ကာရာဘောင်း ဖလား ရှုံးထွက်ပွဲစဉ်မှာ ၃-၂နဲ့အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီပွဲစဉ်မှာ မိုရာတာ၊ ၀ီလီယံ၊ ဖာဘရီဂတ်စ်၊ ကန်တေး၊ ကိုဗာဆစ်၊ ဂယ်ရီကာဟေးလ်တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ပွဲအစကတည်းက ဖိအားပေး ကစားခဲ့ပါတယ်။

ပွဲကစားချိန် ၅မိနစ်မှာပဲ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဒါဘီနောက်ခံလူ တိုမိုရီက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပါ။ ဒါပေမယ့် ၄မိနစ်အကြာမှာပဲ တိုက်စစ်မှူး မာရီရော့တီက ဒါဘီအသင်းအတွက် ချေပဂိုးပြန်သွင်း ပေးခဲ့ပါတယ်။ ပွဲကစားချိန် ၂၁မိနစ်မှာလဲ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဒါဘီနောက်ခံလူ ရစ်ချက်ကော့ဂ်ျက ကိုယ့်ဂိုးကိုယ်ပဲ သွင်းပေးခဲ့တာပါ။

၂၇မိနစ်မှာ ဒါဘီတိုက်စစ်မှူး ၀က်ဂ်ဟွန်းက ချေပဂိုး ပြန်လည်သွင်းယူ ပေးခဲ့ပြန်ပါတယ်။ ပထမပိုင်း ပွဲပြီးခါနီး ပွဲကစားချိန် ၄၃မိနစ်မှာတော့ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဒီသွင်းဂိုးကိုတော့ ၀ါရင့်ကွင်းလယ်လူ ဖာဘရီဂတ်စ်က သွင်းယူပေးခဲ့တကာ ပထမပိုင်းမှာပဲ ချဲလ်ဆီးအသင်းက ၃-၂နဲ့အနိုင်ရနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးအသင်း နောက်ထပ်အနိုင်ဂိုးတွေ ရရှိဖို့ ထပ်မံကြိုးစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိတော့ဘဲ ပွဲစဉ်ကတော့ ၃-၂နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့အဆင့်မှာ ဆရာဟောင်း မော်ရင်ဟိုကို ဖြုတ်ချနိုင်ခဲ့ပေမယ့် ဒီအဆင့်မှာတော့ အသင်းဟောင်း ချဲလ်ဆီးအသင်းကို ဖြုတ်ချဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

နောက် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ဘုန်းမောက် အသင်းနှင့်တွေ့ဆုံသွားရမည် ဖြစ်ပါတယ်။ ချလ်ဆီးအသင်း ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိသေးသော ပရီးမီးယားလိဂ်ရဲ့ တစ်သင်းတည်းသော အသင်းဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။


01 Nov 2018     1,261 Views




RELATED

Most Popular of Football

Most Popular of Sport