BEC-TERO TV

ရထားပေါ်တွင် ၅ နှစ်သမီးကို ဖခင်က မတော်မတရားလုပ်တဲ့ ရုပ်သံပျံ့နှံ့

02 Nov 2018     1,963 Views


အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦးဟာ သူ့ရဲ့သမီးဖြစ်သော အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို အမြန်ရထားပေါ်တွင် မတော်မတရားပြုလုပ်နေသည့် ရုပ်သံ ပျံ့နှံ့ခဲ့ပြီး ရထားပေါ်ပါ ခရီးသည်တွေက ရဲတိုင်ကြားသော်လည်း အရေးမယူခဲ့သဖြင့် အွန်လိုင်းအသုံးပြုသူတွေ ဒေါသအကြီးအကျယ်ထွက်နေကြပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ရုပ်သံမှာ ဖခင်ဖြစ်သူက သမီးရဲ့ အင်္ကျီကို မပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်သပ်သလို အတင်းပွေ့ဖက်ပြီး အကြိမ်ကြိမ် ခပ်ကြမ်းကြမ်းနမ်းရှုံ့နေတာကို တွေ့ရပါတယ်။ တစ်ခါမှာတော့ သူ့ရဲ့လက်ဟာ ကလေးရဲ့အောက်ပိုင်းကို ပွတ်သပ်ပြီး ဘောင်းဘီထဲကို လက်ထည့်တာကို တွေ့လိုက်ရပါတယ်။ သူဒီလို လုပ်နေတဲ့ အချိန်မှာ သူ့ရဲ့ဘေးမှာ ဇနီးနဲ့ ယောက္ခမတို့ ရှိနေပေမယ့် ဝင်ရောက် ဟန့်တားခြင်းမရှိပါဘူး။


ကလေးက သူ့ကိုအတင်းတွန်းထုတ်ပြီး “အဖေ သမီးနာတယ်၊ သမီးရဲ့အောက်ပိုင်းကို မလုပ်ပါနဲ့” လို့ ပြောတာကို တွေ့ခဲ့ရပါတယ်၊ ဇနီးနဲ့ ယောက္ခမကတော့ သူ့တို့ဖုန်းကိုပဲ သူတို့ပွတ်နေကြပြီး ဝင်ရောက်ဟန့်တားခြင်းမရှိပါဘူး။


ဒီလို သဘာဝမကျ မတော်မတရားလုပ်နေတဲ့ အဖြစ်ပျက်ကို မြင်ရတဲ့ ရထားပေါ်ပါ ခရီးသည်တွေက မကျေနပ်ကြပဲ ရထားဆိုက်တာနဲ့ ရဲကို ရုပ်သံဖိုင်နဲ့တကွ တိုင်ကြားခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်တွင်းသတင်းဌါနတွေကိုလည်း ရုပ်သံပေးပို့ခဲ့ကြပါတယ်။ ဒီသတင်းဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ရုပ်သံသတင်းတွေမှာ ပါလာခဲ့တော့မှ ရဲတွေက အမှုကို စုံစမ်းဖို့ လှုပ်ရှားကြပါတယ်။


ဒါပေမယ့် အားလုံးမျှော်လင့်ထားသလို မဟုတ်ပဲ အောက်တိုဘာ ၃၁ ရက်နေ့မှာ ရဲအဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကြောင့် ဒေါသအကြီးအကျယ်ထွက်ကုန်ကြပါတယ်။


ရဲအဖွဲ့ရဲ့ကြေညာချက်မှာ ရုပ်သံပါ အမျိုးသားနဲ့ ကလေးငယ်မှာ သားအဖအရင်းတွေဖြစ်ကြပြီး သားအဖ ဘာသာဘာဝ ချစ်လို့ကျီစယ်နေတာဖြစ်ပြီး မတော်မတရား ဗလက္ကာရပြုတဲ့ အမူအရာမျိုး မတွေ့တာကြောင့် အရေးယူရန်မရှိဟု ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်ကြောင့် ရဲအဖွဲ့ရဲ့ လူမှုကွန်ယက် ဝီဘိုစာမျက်နှာမှာ  သောင်းနဲ့ချီတဲ့ ကွန်မန့်တွေ မေးခွန်းတွေ ပလူပျံသွားခဲ့ပါတယ်။

တစ်ယောက်က “ဒါဟာ ဗလက္ကရမှု မမြောက်ဘူးဆိုရင် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကဘာလဲ..?” လို့ ရေးသားထားသလို တစ်ယောက်ကလည်း “ဒါက ဗလက္ကရမှု မမြောက်ဘူး ဘာလို့လဲဆိုတော့ သားအဖရင်းတွေဖြစ်နေလို့ ဒီလိုလား..?” စသည်ဖြင့် ဝင်ရောက်ရေးသားခဲ့ကြပါတယ်။


02 Nov 2018     1,963 Views




RELATED

Most Popular of Special or Others

Most Popular of NEWS