BEC-TERO TV

ဆောင်ဦးရာသီမှာ ချစ်သူရည်စားတွေ အတွက် လည်ပတ်ချင်စရာကောင်းတဲ့ မြို့ ၁၀ မြို့

02 Nov 2018     1,409 Views


အေးချမ်းလှတဲ့ ဆောင်ရာသီမှာ ချစ်သူရည်းစားးစုံတွဲတွေ အတွက် ဝါလည်းအကျွတ် ဟန်းနီးမွန်း ခရီးထွက်ရတာ ပျော်စရာကောင်းပါတယ်။ နေခြည်နွေးနွေး သာယာလှပ ရူခင်းကောင်းပြီး အရမ်းကို ရိုမတ်တစ် ဆန်ပြီး လည်ပတ်ချင်စရာကောင်းတဲ့ မြို့လေး ၁၀ မြို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

၁ လန်ဒန်
ဗြိတိန် နိုင်ငံ လန်ဒန်မြို့ ဟာ သာယာလှပတဲ့ မြို့လေးတစ်မြို ဆိုတာတော့ ငြင်းစရာမလိုပါဘူး၊ အနီရောင်နှစ်ထပ်ကား ကို စီးပြီး မြို့ပတ်ကြမယ် ။ လန်ဒန် မြို့ရဲ့ အစားအသောက်တွေကသန့်ရှင်းသတ်ရပ်ပြီး အရသာတာကြောင့် အစားအသာက်ကြိုက်သူများအတွက်တော့ ကျေနပ်စရာကောင်းတဲ့ နေရာလေးဖြစ်နေမှာပါ ။ နေ့ဘက်မှ မဟုတ် ညဘက်ဆိုလည်း မီးရောင်စုံတွေနဲ့ စည်းကားပြီး နိုင်ငံအသီးသီးမှ လာရောက်လည်ပတ်သူ အများအပြားရှိတာကြောင့် လည်ပတ်ကောင်းတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ လန်ဒန်မြို့ကို အနမ်းမြို့တော်လို့တောင် တင်စားခေါ်ခံ လောက်အောင် စွဲမက်ဖွယ်ကောင်းလောက်အောင် ပျော်စရာကောင်းတဲ့မြို့လေးတစ်မြို့လေး တစ်မြို့ပါပဲ။

၂ ပဲရစ်
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လေးဟာ ဘယ်အချိန်ပဲသွားသွား ပျော်စရာကောင်းတာကြောင့် သွားရောက်လည်ပတ်သင့်ပါတယ်။ ပဲရစ်မြို့ လေးကို ရောက်ရင်တော့ အီဖယ် မျော်စင်ကို အရင်ဆုံး ရောက်အောင်သွားသင့်ပါတယ် ။ Selfie ဝါသနာရှင်တွေအတွက်ကတော့ မြင့်မားလှတဲ့ အီဖယ်မျော်စင်ပေါ်ကနေ Selfie ဆွဲရတာ ကျေနပ်စရာကောင်းတဲ့မြို့လေးတစ်မြို့ဖြစ်နေမှာ အသေအချာပါပဲ။ ဗိသုကာလက်ရာ ၊ ယဉ်ကျေးမှု အနုပညာ ၊3D လမ်းများ ၊ လေ့လာစရာတွေအများကြီး ရှိ ပြီး အစားအသောက်ကောင်းတွေလည်းအများကြီး ရှိတာမို့ သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ပြင်သစ် နိင်ငံရဲ့ ရိုးရာကော်ဖီဟာ နာမည်ကြီးတာကြောင့် ပဲရစ်ကိုရောက်ရင်တော့ အရသာကောင်းမွန်တဲ့ ကော်ဖီကို သောက်ဖို့မမေ့သင့်ပါဘူးနော်..။

၃ ဘာစီလိုနာ
စပိန်နိုင်ငံ ဘာစီလိုနာ မြို့ဟာ ကျွန်းတွေ ပေါတာကြောင့် ကမ်းခြေ ၊ ကမ်းစပ် မှာ အပန်းဖြေအနာယူချင်တဲ့ အတွက်တော့ တစ်ကယ်ကောင်းမွန်တဲ့နေရာတစ်ခုပါ၊ ညဘက်ဆိုမီးရောင်စုံတွေကြားမှာ ပိုစည်းကားတာကြောင့် ချစ်သူရည်းစာရှိတဲ့သူတွေ အဖို့ ပြောမပြတတ်အောင် ရင်ခုန်စရာ ကောင်းနေမှာပါ။

၎ ရောမ
အီတလီ နိုင်ငံ ရောမ လို့ပြောလိုက်တာနဲ့ Colosseum ၊ Piazza ၊ ရောမ ဖိရမ်တို့ကို ပြေးမြင်မိမှာပါ အခြား ရှေးဟောင်း လေ့လာစရာတွေ အများကြီးရှိတာကြောင့် ရှေးဆန်ဆန် ရိုမက်တစ် ဆန်တဲ့ ဓါတ်ပုံလေးတွေ ရိုက်ချင်ရင်တော့ ရောမ မြို့လေးဟာ လည်ပတ်သင့်တဲ့ နေရာလေးတစ်ခုပါ။

၅ ဘာလီ
နီးနီးနားနား ခရီး လည်ပတ်သွားချင်ရင်တော့ အင်ဒိုနီရှား နိုင်ငံ ဘာလီကျွန်းလေးကို လမ်းညွန် ပေးချင်ပါတယ်။ ကြည်လင်သောရေပြင် ၊ အိမ်မက်ဆန်သော Infinity ရေကန်၊ လှပတဲ့ ရေတံခွန် နှင့် နေဝင်ချိန်အလှ တရား ကို ကြည့်ချင်ရင်တော့ နီးနီးနားနား အင်ဒိုနီးရှား ဘာလီကျွန်းဟာ လည်ပတ်သင့်တဲ့ နေရာလေးပါ။.

၆ French Polynesia
French Polynesia ဆိုတာကတော့ ပြင်သစ်ကနေခွဲထွက်တားတဲ့ နိုင်ငံငယ်လေးပါ ။ကျွန်းနိုင်ငံ လေးဖြစ်တာကြောင့် စိမ်းလန်းစိုပြေ ပြီး သစ်ပင်တွေ ပေါများပြီး ရေပြင် အလှတရား ၊ သမုဒ္ဒရာရဲ့ အရသာ ကိုခံစားနိုင်မှာပါ ။နေဝင်ချိန် အလှတရားကိုမြင်တွေနိုင်တာဖြစ်တာကြောင့် French Polynesia က တိတ်ဆိတ်ငြိမ်သတ်တဲ့ နေရာကောင်းလေး ဖြစ်မှာပါ။

၇ တိုကျို
ဂျပန် နိုင်ငံ တိုကျိုမြို့လေးဟာ သာယာလှပပြီး သန့်ရှင်းသော မြို့လေးတစ်မြို့ပါ။ ရှေးဟောင် ဗိသုကာ နှင့် ဂျပန်လူမျိုးတို့၏ ယှဉ်ကျေးမှုတို့ကိုပါ လေ့နိုင်ပြီး ချယ်ရီပန်းတွေကို အနံအသက်တွေကို ရှူရှိက်နိုင်မှာ ဖြစ်ပါတယ် ။ တောင်တတ်ခြင်း ဝါသနာ ပါသူတွေကတော့ ဖူဂျီ တောင်ကြီးက အကြိုက်တွေစေမှာပါ။

၈ ဗီးနစ်
အီတလီနိုင်ငံ ဗီနစ်မြို့ကိုတော့ တိတ်တိတ်ဆိတ်ဆိတ် အပန်းဖြေးချင်သူတွေအတွက် အကြိုက်တွေ့မှာပါ ၊ လှပတဲ့ ပတ်ဝန်းကျင် ၊ ရိုးရာအစားအသောက် တွေလည်းပေါများတာ ပြီး ရင်သက်ရူမောဖွယ်ကောင်းတဲ့ ကောင်ကင်ကြိုးတံတား ပေါ်ကို လမ်းရောက်ပြီး ရိုမတ်တစ် ဆန်ဆန် ဖိုတို ရိုက်ချင်တဲ့သူတွေ သွားရောက်လည်ပတ်သင့်ပါတယ်။

၉ စင်ကာပူ
စင်ကာပူ ဟာ ကျွန်းနိုင်ငံလေး ဖြစ်ပြီး အရှေ့တောင် အာရှမှာ ဖွံဖြိုးတိုးတတ် နေတဲ့နိုင်ငံလေးဖြစ်ပါတယ် ။ အစားအသောက်များလည်း ပေါများပြီး ဗိသုကာ လက်ရာ များလည်းလေ့လာနိုင်ပါတယ်။

၁၀ English Countryside
အခုနေရာလေးကတော့ တိတ်ဆိတ်ငြိမ်သတ်ပြီး အေးဆေးအနားယူချင်သူတွေအတွက် အင်္ဂလန်နိုင်ငံ တောဆန်တဲ့ မြို့လေးတစ်မျိုးဖြစ်ပါတယ်။ ရှေးဟောင် ပစ္စည်းဗိသုကာ လက်ရာတွေနဲ့ တောင်ကုန်း တောင်တန်းတွေပေါများပြီး လှပသာယာတဲ့ မြို့လေးတစ်မြို့ဖြစ်တာကြောင့် သွားရောက်လည်ပတ်သင်တဲ့ နေရာလေးဖြစ်ပါတယ်။


02 Nov 2018     1,409 Views




RELATED

Most Popular of Special or Others

Most Popular of Life Style