BEC-TERO TV

ဒေါသကြီးတကြီးနဲ့ ယာဉ်တိုက်မှုဖြစ်အောင် စတီယာရင်လုတဲ့ ခရီးသည်

06 Nov 2018     1,347 Views


လွန်ခဲ့သည့် သီတင်းပတ်က ခရီးသည်တင်ဘတ်စ်ကားပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦးနဲ့ ဘတ်စ်ကားမောင်းသူတို့ စကားများခဲ့ကြပြီးနောက် ဘတ်စ်ကားမောင်းသူက ဒေါသအိုးပေါက်ကွဲကာ ဘတ်စ်ကားကို ယန်ဇီမြစ်ကူးတံတားပေါ်မှ မြစ်ထဲသို့ ထိုးစိုက်မောင်းချခဲ့မှုကြောင့် ဘတ်စ်ကားပေါ်ပါ လူ ၁၅ ဦးစလုံး သေဆုံးခဲ့ရသည်မှာ ပူးပူနွေးနွေးပင်ရှိပါသေးသည်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အလားတူဖြစ်စဉ်တစ်ခု တရုပ်နိုင်ငံ ဟူနန်မြို့တွင် ဖြစ်ပျက်ခဲ့ပါတယ်။ ဘတ်စ်ကားဟာ မှတ်တိုင်ကျော်သွားခဲ့တဲ့အတွက် အသက်ကြီးကြီး အမျိုးသားခရီးသည်တစ်ဦးက ကားကို ချက်ချင်းရပ်ခိုင်းရာ ဒရိုင်ဘာက မရပ်ပေးခဲ့သဖြင့် ခရီးသည်အမျိုးသားက မောင်နေသောကား၏ စတီယာရင်ကို ဘစ်ကားဒရိုင်ဘာလက်မှ လုယူပြီး အတင်းဆွဲလှည့်ချပစ်ခဲ့သည်။


ဘတ်စ်ကားတွင်တပ်ဆင်ထားသော စီစီတီဗီ ရုပ်သံအရ ခရီးသည်က ရပ်ပေးရန် ပြောဆိုခဲ့ပြီး ယာဉ်မောင်းက ဆက်မောင်းနေခဲ့သဖြင့် စတီယာရင်ကို လုကာ ဆွဲချခဲ့သည်၊ ယာဉ်မောင်းက ခရီးသည်ရဲ့ မျက်နှာကို လက်ပြန်ရိုက်ခဲ့ပြီးနောက် စတီယာရင်ကို အချိန်မီပြန်ထိန်းကာ ကားကို ဘေးကင်းစွာဖြင့် လမ်းဘေးချရပ်နိုင်ခဲ့သည်။

အဆိုပါရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး မှတ်တိုင်တွင် မရပ်ပေးသော ယာဉ်မောင်းနဲ့ ကားသွားနေစဉ် ဆင်ခြင်ဉာဏ်မဲ့စွာ ဒေါသအလျှောက် စတီယာရင်ကို လုယူပြီး လှည့်ချခဲ့သည့် ခရီးသည် နှစ်ဦးစလုံးကို ဝိုင်းဝန်းဝေဖန်ပြောဆိုလျှက်ရှိသည်။


06 Nov 2018     1,347 Views




RELATED

Most Popular of Special or Others

Most Popular of NEWS