BEC-TERO TV

အရောင်းစံချိန်မပြည့်လို့ ခါးပတ်နဲ့ရိုက် ဆီး(သေး)သောက်ခိုင်းပြီး ဒဏ်ပေးခံရ (ရုပ်သံ)

06 Nov 2018     1,721 Views


တရုပ်နိုင်ငံမှာ မာကတ်တင်း၊ အရောင်းသမားလုပ်ရတာ တော်ရုံတန်ရုံနဲ့တော့ ဒဏ်မခံနိုင်လောက်ပါဘူး လစာတွေတော့ ဘယ်လောက် ပေးထားတယ်မသိပေမယ့် သတ်မှတ်ထားတဲ့ အရောင်းစံချိန်(sale target) မပြည့်တဲအခါ အလုပ်ရှင်တွေရဲ့ အပြစ်ပေးပုံက ကြမ်းတမ်းလွန်းပါတယ်။

ပါးရိုက်ခံရတာမျိုး၊ ကုမ္ပဏီရှေ့ လမ်းမမှာ နားရွက်ဆွဲဒဏ်ပေးခံရတာမျိုး၊ အင်းဆက်ပိုးကောင်တွေကို စားခိုင်းတာမျိုး စသည်ဖြင့် ဒဏ်ပေးကြမ်းပါတယ်။ အခုတစ်ခါမှာလည်း ကွေကျိုးမြို့ရှိ အိမ်အလှဆင်ပြုပြင်ရေး ကုမ္ပဏီတစ်ခုက အရောင်းဝန်ထမ်းအချို့ဟာ သူတို့ရဲ့အရောင်းစံချိန် မပြည့်မီတာကြောင့် ကုမ္ပဏီရဲ့ အခြားဝန်းထမ်းများရှေ့မှာတင် ခါးပတ်နဲ့ အရိုက်ခံရပြီး၊ ပေါက်ထားတဲ့ ဆီးကို ပြန်သောက်ခိုင်းတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါရုပ်သံ တရုပ်လှုမှုကွန်ယက် ဝီဘိုမှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်တွင်းမီဒီယာများက ကုမ္ပဏီဝန်ထမ်းန်းများကို ဆက်သွယ်စုံစမ်းမေးမြန်တဲ့အခါ ဟုတ်မှန်ကြောင်းနဲ့ အခြားအပြစ်ပေးနည်းတွေအဖြစ် ခေါင်းတုံး(ဂတုံး) တုံးပြစ်တာ၊ အိမ်သာရေသောက်ခိုင်းတာ၊ ရှာလကာရည်သောက်ခိုင်းတာ၊ လမ်းလယ်ကောင်မှာ ကွန်ဒုံးလိုက်ရောင်းခိုင်းတာ၊ ဝါဆာဘီ(အလွန်ပူစပ်သော ဂျပန်စာ)စားခိုင်တာ၊ ပိုးဟပ်တွေစားခိုင်းတာ စတဲ့ပုံစံတွေနဲ့ပါ အလှည့်ကျ အပြစ်ပေးကြောင်း ဖြေကြားခဲ့ပါတယ်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ အရောင်းစံချိန်မမှီတဲ့အခါ ပိုးဟပ်စားရပါတယ်လို့ ဆိုပါတယ်။


ဒါပေမယ့် ဝန်ထမ်းတွေက ဒီလိုကျူးလွန်မှုတွေအပေါ် ဘာကြောင့် ရေငုံနှုတ်ပိတ်နေရသလဲလို့ စုံစမ်းတဲ့အခါ အချို့ကုမ္ပဏီတွေက ၂ လစာ ၃ လစာလောက် အကြွေးထားတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ တစ်စုံတစ်ခုကြောင့် အလုပ်ထွက်သွားခဲ့ရရင် သူတို့ရဲ့ လစာတွေဆုံးရှုံးမှာ စိုးရိမ်လို့လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဝီဘိုမှာ ပျံ့နှံ့ခဲ့ပြီးနောက် ရဲတွေက ကုမ္ပဏီရဲ့ တာဝန်ရှိတဲ့ မန်နေဂျာ ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ၂ ယောက်ကိုတော့ ထောင် ၁၀ ရက်ချပြီး ကျန်တစ်ယောက်ကတော့ ၅ ရက်ထောင်ကျခဲ့ပါတယ်။ တရုပ်နိုင်ငံက အလုပ်ရှင်တွေရဲ့ ဝန်ထမ်းအပေါ် မမျှမတနိုင့်ထက်စီးနင်း ဆက်ဆံမှုတွေက အရိုးစွဲအကျင့်ပါလျှက်ရှိနေဆဲပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက တရုပ်ပိုင် စက်ရုံအလုပ်ရုံတွေမှာလည်း အလားတူနီးပါးပြဿနာတွေ ရှိနေတာဖြစ်ပါတယ်။


06 Nov 2018     1,721 Views




RELATED

Most Popular of Special or Others

Most Popular of NEWS