BEC-TERO TV

လိင်တူချင်းချစ်ကြိုက်မိလို့ ပရိတ်သတ်ကိုတောင်းပန်လိုက်ရတဲ့ တရုတ်မင်းသား

08 Nov 2018     1,877 Views


ထိုင်ဝမ် အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသား အေရွန်ယန်(Aaron Yan) ဟာ ချစ်သူကောင်လေးနဲ့ အနမ်းပေးနေတဲ့ ပုံများ လူမှုကွန်ယက်အင်တာနက်မှာအဖွခံခဲ့ရပါ တယ်။ သူ့အနေနဲ့ Gay တစ်ယောက်ဖြစ်ခဲ့တယ်လို့ ဝန်ခံထားခြင်းတော့မရှိသေးပေမဲ့ ပုံများ ပြန့်သွားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးပြည်သူလူထုကိုတောင်းပန်လိုက်ရပါတယ်။

သတင်းပျံနှံ့ပုံက ဒီလိုပါ။ အေရွန်က ပထမဦးစွာအမျိုးသားတစ်ယောက်နဲ့ချစ်သူဖြစ်ခဲ့ ပြီး ထိုအမျိုးသားကို သူတို့အနုပညာအသိုင်းအဝိုင်းကလူများနဲ့ပါ မိတ်ဆက်ပေးထားတာပါ။ သို့ပေမဲ့ သူတွဲနေခဲ့တာ ထိုအမျိုးသားတစ်ယောက်တည်းမဟုတ်ခဲ့ပါဘူး။ သူနဲ့ကတော့ တရားဝင်သဘောမျိုးတွဲပြီး တခြား နောက်ကွယ်မှာနောက်ထပ် ကောင်လေးနှစ်ယောက် နဲ့လဲ ကြိတ်ပုန်းခုတ်နေခဲ့ ပါတယ်။ အေရွန်က ချစ်သူရှိရက်နဲ့ ဖောက်ပြန်တဲ့အတွက် သူ့ရဲ့ ချစ်သူကောင်လေးက မခံမရပ်နိုင်ဖြစ်ကာ သူ၏ လူမှုကွန်ယက်စာမျက်နှာမှာ အေရွန်တစ်ယောက် နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့ပုံများကို ပို့စ်တင်ခဲ့ပါတယ်။ အေရွန်ကတော့ ထိုကောင်လေးနဲ့ သူငယ်ချင်းအဆင့်ပဲရှိတယ်လို့ ငြင်းဆိုနေပေမယ့် Kiss ပေးနေတဲ့ပုံတွေအရတော့ သူငယ်ချင်းလုံးဝမဖြစ်နိုင်ကြောင်း၊ ဒီလိုသစ္စာဖောက်ခံရတာကြောင့်သူတော်တော်ခံစားရကြောင်း အစရှိသဖြင့် သူတင်ခဲ့သော ပို့စ်မှာရေးသားခဲ့ပါတယ်။

ဒီအရှုပ်တော်ပုံကိစ္စကြီးက ဘူးပေါ်သလိုပေါ်သွားခဲ့တဲ့အတွက် အေရွန်အနေနဲ့ လူထုပရိတ်သတ်ကိုတရားဝင်တောင်းပန်လိုက်ရပါတယ်။ သူ့အနေနဲ့ ဒီလိုကိစ္စတွေ ပေါ်ပေါက်လာရတဲ့အတွက်တောင်းပန်ကြောင်း၊ လူမှုပဂ္ဂိုလ်ရေးကိစ္စတွေကို ဒီထက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနေသင့်ကြောင်း ပြောထားပြီး သူကတော့ အကုန်လုံးကိုစိတ်ရင်းနဲ့ ဆက်ဆံခဲ့ပေမဲ့ အဆုံးသတ်မှာအဆင်မပြေတာတွေဖြစ်ခဲ့တာကြောင့် အားလုံးကိုတောင်းပန်ကြောင်း ပြောထားပါတယ်။ သူသည်လည်း လူထဲကလူတစ်ယောက်မို့ အမှားနဲ့မကင်းနိုင်ကြောင်း သူ့ကြောင့်စိတ်ဒုက္ခရောက်ခဲ့ရတဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေ နဲ့ ပရိတ်သတ်တွေ အားလုံးကိုတောင်းပန်ပါကြောင်းနှင့်အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ် နေထိုင်သွားမယ်လို့ပြောထားပါတယ်။

ဒီလိုယောင်္ကျားလေး ၃ ယောက်နဲ့ခြေရှုပ်ခဲ့တဲ့ သတင်းများထွက်ခဲ့ပေမဲ့ သူ့ကိုယ်သူတော့ Gay တစ်ယောက်ပါလို့အခုထိ ဝန်ခံခဲ့ခြင်းမျိုးမရှိခဲ့ပါဘူ။ ပရိတ်သတ်တွေကလည်း သူ Gay ဆိုတာ သိရတော့ အံ့သြနေကြသလို ဒီလိုဇာတ်ရှုပ်တာမျိုးကိုလဲ လက်မခံနိုင်ကြဘူးလို့ ပြောနေကြပါတယ်။

သူ့အနေနဲ့ Gay တစ်ယောက်ဆိုတာ ဝန်မခံရခြင်းအကြောင်းအရင်းကတော့ တရုတ်အစိုးရရဲ့ လိင်တူ ချစ်ကြိုက်ခြင်းကို ကန့်ကွက်တဲ့ ဥပဒေ ကရှိသည်ကတစ်ကြောင်း ၊ဘယ်လိုပဲဖြစ်ဖြစ် အေရွန်က ထိုင်ဝမ်အဆိုတော်တစ်ယောက်ဖြစ်ပေမဲ့ ပြည်မကြီးမှာသာ အနုပညာလှုပ်ရှားမှုများကိုအများဆုံးလုပ်ကိုင်ဖြစ်တာကြောင့် သူ့ လုပ်ပိုင်ခွင့်များကို တရုတ်အစိုးရက ပိတ်ပင်လိုက်မှစိုးတဲ့အတွက် ဤသို့ ဝန်မခံပဲ စကားကို ကွေ့ဝှိုက်ရှောင်တိမ်းနေတာဖြစ်မယ်လို့ တရုတ်ပြည်သူတွေက ထင်ကြေးပေးထားကြပါတယ်။


08 Nov 2018     1,877 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS