BEC-TERO TV

ဂျူဗင်တပ်အသင်းကို အရှုံးဆိုတာ ဘာလဲ သိအောင် ပြသပေးလိုက်တဲ့ မန်ယူနိက်တတ်

08 Nov 2018     1,358 Views


မနေ့ညက ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် H ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ဂျူဗင်တပ် အသင်းနှင့် မန်ယူနိုက်တတ်အသင်း တို့ယှဉ်ပြိုင်ကစားရာ ဂျူဗင်တပ်အသင်းကို မန်ယူနိုက်တတ်အသင်းက ၁ -၂ ဖြင့် အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

နှစ်သင်းစလုံး ပွဲထွက်လူစာရင်း အတောင့်အတင်းဖြင့်ထွက်လာခဲ့ကြသော်လည်း ဂျူဗင်တပ် အသင်းက အိမ်ကွင်း ပီပီ ခြေအသာစီးဖြင့် ကစားထားခဲ့ပြီး ပွဲချိန် ၆၅ မိနစ်အရောက်မှာ ဂျူဗင်တပ် အသင်းနောက်ခံလူ ဘိုနူချီ၏ ပေးပို့မှတစ်ဆင့် ရော်နယ်ဒိုက လှလှပပပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူထားနိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ၈၆ မိနစ်မှာ မန်ယူနိုက်တတ်အသင်း ၏ ကွင်းလယ်ကစားသမား မာတာ က ကိုက်၂၀ အကွာကနေ ဖရီးကစ်ဖြင့် ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ တစ်ဆက်တည်း မန်ယူနိုက်တတ်အသင်းဟာ ၈၆ မိနစ်မှာ အက်ရှက်လေယန်း၏ ဖရီးကစ် ဖြတ်တင်ဘောမှ တဆင့် ပေါ့ဘာ ၏ ခေါင်းတိုက်ဂိုး ကို ဆန်းထရို နှင့် ထိမိပြီး အိုဂျီးဂိုး ဖြင့် မန်ယူနိုက်တတ်အသင်းဟာ အနိုင် သုံးမှတ် ရရှိခဲ့ပါတယ်။

ဒီရာသီမှာ ဂျူဗင်တပ်အသင်းဟာ ရှုံးပွဲမရှိသေးဘဲ မန်ယူနိုက်တတ်ကိုသာ ပထမဦးဆုံး ရှုံးပွဲဖြစ်စေခဲ့တယ်။မန်ယူနိက်တတ်အသင်းဟာ ၁၉၉၉ ခုနှစ် ဘိုင်ယန်မြူးနစ်အသင်းနှင့် UCL ဖိုင်နယ် ၅ မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိင်ခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ပွဲစဉ်တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစာသမားဆုကို မန်ယူနိက်တတ် နောက်ခံလူ လင်ဒီလော့ ကရရှိခဲ့ပါတယ်။မန်ယူနိုက်တတ်အသင်းဟာ နောက်အပါတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီး အသင်းနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး UCL ပွဲစဉ် အိမ်ကွင့် အိုထရက်ဖိုစ် မှာ ယန်းဘွိုင်း အသင်းကို လက်ခံကစားသွားရမှာပဲဖြစ်ပါတယ်။


08 Nov 2018     1,358 Views




RELATED

Most Popular of Football

Most Popular of Sport